ရန်ကုန် နိုဝင်ဘာ ၄
ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်း(MBPMSMA)တို့ ပူးပေါင်း၍ ဓာတုဓာတ်ကြွင်းကင်းစင်သော ပဲတီစိမ်းသီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် စီစဉ်ကျင်းပသည့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP)သင်တန်းကို ယမန်နေ့မွန်းလွဲပိုင်းက ခရမ်းမြို့ မြတ်သီရိခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန သန်လျင်ခရိုင် ဦးစီးမှူးက အမှာစကားပြောကြားပြီး ဘာသာရပ်အလိုက် ကျွမ်းကျင်စိုက်ပျိုးရေးပညာရှင်များက ကျေးရွာ ၅၅ ရွာမှ သင်တန်းသားတောင်သူ ၁၁၈ ဦးအား သင်တန်းပို့ချကာ သင်တန်းတက်ရောက်ခဲ့သော တောင်သူများနှင့် ကုမ္ပဏီဝန်ထမ်းများ ပူးပေါင်း၍ ကျေးရွာအလိုက် GAP အဖွဲ့ဝင်တောင်သူများသို့ ကျေးရွာအဆင့် (GAP) ဆင့်ပွားသင်တန်းများကို ဆက်လက်ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)