ကျောင်းကုန်း နိုဝင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမ၌ ၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးရေကြီးနစ်မြုပ် ပျက်စီးဧကများအပေါ် မတ်ပဲပြန်လည်စိုက်ပျိုးမည့် တောင်သူများအား မတ်ပဲ (ရေဆင်း-၃)မျိုးစေ့ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။
ဦးစွာ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးက အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးသူဌေးက မတ်ပဲမျိုးစေ့ပေးအပ်ရခြင်းအကြောင်း ရှင်းလင်းပြောကြားသည်။
ကျောင်းကုန်းမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာ ၂၅ အုပ်စုမှ တောင်သူ ၁၀၈၉ ဦး၏ လယ်မြေဧက ၄၁၃၆ ဒသမ ၅၆ ဧကအတွက် မတ်ပဲ ပြန်လည်စိုက်ပျိုးမည့်တောင်သူများအား တာဝန်ရှိသူများက မျိုးစေ့များပေးအပ်ခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)