Myanmar Digital News

မိတ္ထီလာမြို့နယ်၌ စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများစစ်ဆေး

မန္တလေး နိုဝင်ဘာ ၄

 

မန္တလေးတိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါ်သိင်္ဂီအောင်သည် နိုဝင်ဘာ ၃ ရက်က သစ်တောဦးစီးဌာန မိတ္ထီလာမြို့နယ် လိန်တောကြိုးပြင်ကာကွယ် တောအတွင်းအပူပိုင်းဒေသ ၁၃ ခရိုင် စိမ်းလန်းစိုပြည်ရေး လူထုလှုပ်ရှားမှုအသွင်ဖြင့် ၂၀၂၅ ခုနှစ် မိုးရာသီတွင် နိုင်ငံတော်အဆင့် သစ်ပင်စိုက်ပွဲတော်၌ စိုက်ပျိုးခဲ့သည့် သစ်ပင်များ ရှင်သန်အောင်မြင်မှု အခြေအနေ၊ ၂၀၂၅ခုနှစ် မိုးရာသီ လမ်းဘေး ဝဲ/ယာ ဘက်စုံသုံး စိုက်ခင်း ဧက ၃၀ စိုက်ပင်များ ရှင်သန်အောင်မြင်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေး၍ အယ်လ်နီညိုဖြစ်စဉ် ကာလပူပြင်းခြောက်သွေ့ချိန်၌ သစ်ပင်များ ရှင်သန်ဖြတ်ကျော်နိုင်ရေး စီမံဆောင်ရွက်ရန်၊ တောမီးကူးစက်လောင်ကျွမ်းမှု မရှိစေရေး မီးတားလမ်းဆောင်ရွက်ရန်တို့ကို မှာကြားသည်။

 

မှာကြား

ဆက်လက်၍ မိတ္ထီလာ-မြင်းခြံ ကားလမ်း မိုင်တိုင်(၆/၀-၆/၁)အတွင်းရှိ ၂၀၂၆ ခုနှစ် မိုးရာသီ စတုတ္ထအကြိမ် တိုင်းဒေသကြီးအဆင့် စုပေါင်းသစ်ပင်စိုက်ပွဲ စိုက်ပင်များ ပူပြင်းခြောက်သွေ့ကာလကို ကျော်လွန်ဖြတ်သန်းနိုင်ရန် ရေအစိုဓာတ်ထိန်းသိမ်းနိုင်စေရေး အပင်ခြေများ ဖုံးအုပ်ခြင်း၊ ရေစိမ့်အိုးမြှုပ်ခြင်းများ ဆောင်ရွက်ထားရှိမှုနှင့် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနက စိုက်ပျိုးထားသည့် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် အမှတ် (၂၈၃/၂-၂၈၄/၂)အတွင်းရှိ အာဆီယံ အဝေးပြေးလမ်းမကြီး (AH) ဘေးဝဲ/ယာစိမ်းလန်းစိုပြည် ရေးစိုက်ပျိုးခြင်းတို့ကို စစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)

မူရင်းသတင်း — Myanmar Digital News