မာလေ နိုဝင်ဘာ ၄
မော်လ်ဒိုက်နိုင်ငံက ၂၀၂၆ ခုနှစ် လန်ဒန်ကမ္ဘာ့ခရီးသွားလုပ်ငန်း ပြပွဲ (World Travel Market London 2026) တွင် နိုင်ငံတကာ မီဒီယာများနှင့် အဓိကခရီးသွားလုပ်ငန်း မိတ်ဖက်များကို ပစ်မှတ်ထားသည့် “Visit Maldives Year 2027– Celebrate the Sunny Side” အမည်ရှိ ကမ္ဘာလုံးဆိုင်ရာ ခရီးသွား မြှင့်တင်ရေးအစီအစဉ်ကို စတင်မိတ်ဆက်ခဲ့ကြောင်း သိရသည်။
အဆိုပါအစီအစဉ်သည် နိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍတိုးတက်မှုကို အရှိန်မြှင့်တင်ရန် ရည်ရွယ်၍ ၂၀၂၇ ခုနှစ်ကို အရေးပါသောနှစ်အဖြစ် သတ်မှတ်ကြောင်း သမ္မတ မိုဟာမက်မူအစ် ဇူးက ကြေညာခဲ့ပြီးနောက် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ခရီးသွားလုပ်ငန်းနှင့် မြို့ပြ လေကြောင်းဝန်ကြီး မိုဟာမက် အမင်းက အဆိုပါအစီအစဉ်မှတစ်ဆင့် မော်လ်ဒိုက်နိုင်ငံ၏ အမျိုးသားရေးလက္ခဏာ၊ ရိုးရာယဉ်ကျေးမှုအမွေအနှစ်နှင့် ဧည့်ဝတ်ကျေပွန်မှုတို့ကို မြှင့်တင်ဖော်ပြသွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့ပြင် ကမ္ဘာ့ခရီးသွားဈေးကွက်တွင် နိုင်ငံ၏ ရပ်တည်မှုကို ပိုမိုခိုင်မာစေရန်နှင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အထောက်အပံ့ပေးရန်လည်း ရည်ရွယ်ထားကြောင်း ၎င်းက ဆိုသည်။
Visit Maldives Corporation ၏ အမှုဆောင်အရာရှိချုပ်နှင့် မန်နေဂျင်းဒါရိုက်တာ အဗ္ဗဒူ လာယာဆာက အဆိုပါအစီအစဉ်သည် ဇိမ်ခံအပန်းဖြေစခန်း လုပ်ငန်းများနှင့် ဒေသခံကျွန်းစုအသိုက်အဝန်းများအကြား ချိတ်ဆက်မှုအားကောင်းစေခြင်းဖြင့် စီးပွားရေးအခွင့်အလမ်းများကို ပိုမိုမျှတစွာ ဖန်တီးပေးရန် ရည်ရွယ်ကြောင်း ပြောကြားသည်။ ထို့ပြင် ရှိပြီးသားခရီး သွားဈေးကွက်များသာမက ဈေးကွက်သစ်များမှ ခရီးသွားဧည့်သည်များကိုလည်း ပိုမိုဆွဲဆောင် သွားမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
နှစ်ပေါင်းများစွာ အကောင်အထည်ဖော်မည့် အဆိုပါအစီအစဉ်တွင် နိုင်ငံတကာခရီးသွား မြှင့်တင်ရေးခရီးစဉ်များ၊ ယဉ်ကျေးမှုဆိုင်ရာ ပြပွဲများနှင့် ပစ်မှတ်ထားသော ဈေးကွက်မြှင့်တင်ရေး လှုပ်ရှားမှုများ ပါဝင်မည်ဖြစ်သည်။ အဆိုပါလုပ်ငန်းစဉ်များမှတစ်ဆင့် ခရီးသွားဧည့်သည်ဝင်ရောက်မှု တိုးမြှင့်ရေးနှင့် ခရီးသွားလုပ်ငန်းတွင် ဒေသခံပြည်သူများ၏ ပါဝင်မှု ပိုမိုမြင့်မားလာစေရေးတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆင်ဟွာ