Xinhua Myanmar

ကမ္ဘာ့စားပွဲတင်တင်းနစ်ဖရန့်ဖွတ်ပြိုင်ပွဲတွင် တရုတ်ကစားသမား Wen နောက်တစ်ဆင့်တက်ရောက်၊ Wang ပြိုင်ပွဲမှ ထွက်ခွာ

၂၀၂၆ ခုနှစ် ကမ္ဘာ့စားပွဲတင်တင်းနစ်ချန်ပီယံရှစ် ချုံချင့် ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း ၁၆ ဦးအဆင့် ပွဲစဉ်အဖြစ် တရုတ်နိုင်ငံမှ ဝန်းရွေ့ပေါ် နှင့် ဆွီဒင်နိုင်ငံမှ Truls Moregard တို့ ယှဉ်ပြိုင်ကစားစဉ် ပြိုင်ဘက်၏ ရိုက်ချက်ကို တုံပြန်ရိုက်နေသည့် ဝန်းရွေ့ပေါ် ကို ၂၀၂၆ ခုနှစ် မတ် ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘာလင်၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)

ဂျာမနီနိုင်ငံ ဖရန့်ဖွတ်မြို့၌ နိုဝင်ဘာ ၄ ရက်ကကျင်းပသည့် ကမ္ဘာ့စားပွဲတင်တင်းနစ်ချန်ပီယံရှစ် ဖရန့်ဖွတ် (WTT Champions Frankfurt) ပြိုင်ပွဲတွင် တရုတ်နိုင်ငံမှ ဝန်းရွေ့ပေါ် က အမျိုးသားတစ်ဦးချင်း ပထမအဆင့် ၁၆ ယောက်အဆင့်သို့တက်ရောက်နိုင်ခဲ့သော်လည်း အသင်းဖော် ဝမ်ရိသီ မှာမူ ပထမအဆင့်မှာပင် ပြိုင်ပွဲမှထွက်ခွာခဲ့ရသည်။

ကမ္ဘာ့အဆင့် ၁၄ နေရာရှိ ဝန်း သည် တောင်ကိုရီးယားမှ An Jae-hyun ကို ၁၁-၅၊ ၁၁-၆၊ ၁၁-၃ မှတ်ဖြင့် အနိုင်ရခဲ့သည်။ တရုတ်ကစားသမားသည် ပွဲစဉ်သုံးပွဲအတွင်း စုစုပေါင်း ၁၄ မှတ်သာ ပေးခဲ့ရပြီး ၁၆ ယောက်အဆင့်တွင် အသင်းဖော် ဝမ်ချူချင်း နှင့်တွေ့ဆုံယှဉ်ပြိုင်ရမည်ဖြစ်သည်။

“An က အားကောင်းတဲ့ ပြိုင်ဘက်တစ်ဦးပါ၊ ဒီပွဲအတွက် ကျွန်တော်အပြည့်အဝပြင်ဆင်ခဲ့သလို နည်းပြနဲ့လည်း ကောင်းမွန်စွာဆက်သွယ်ဆွေးနွေးခဲ့ပါတယ်၊ ဘယ်လောက်ပဲရမှတ်နောက်ကျနေပါစေ၊ အမှတ်တစ်မှတ်ချင်းစီအလိုက် ကြိုးစားယှဉ်ပြိုင်ခဲ့ပါတယ်” ဟု ဝန်း က ပြောဆိုခဲ့သည်။

အမျိုးသမီး တတိယအဆင့် သတ်မှတ်ခံထားရသည့် ဝမ် မှာမူ ဂျာမနီနိုင်ငံမှ ကမ္ဘာ့အဆင့် ၁၆ ရှိ ဟန်ရင် ကို ၁၁-၈၊ ၁၂-၁၀၊ ၁၁-၄ မှတ်ဖြင့် ပွဲစဉ်သုံးပွဲလုံးဆက်တိုက် ရှုံးနိမ့်ခဲ့သည်။

ဝမ် သည် ဒုတိယပွဲစဉ်တွင် ဟန် ကို အမှတ်တူအခြေအနေအထိ အမီလိုက်နိုင်ခဲ့သော်လည်း သရေရလဒ်ရရှိရန် မလုပ်ဆောင်နိုင်ခဲ့ပေ။ ထို့နောက် တတိယပွဲတွင်မူ Han က ပြတ်ပြတ်သားသား ဦးဆောင်ကာ အနိုင်ရရှိခဲ့သည်။

ဟန် ၏အနိုင်ရမှုသည် အိမ်ရှင်ဂျာမနီအသင်းအတွက် အောင်မြင်မှုများသောနေ့တစ်နေ့ဖြစ်ခဲ့ပြီး Annett Kaufmann ၊ Sabine Winter နှင့် Nina Mittelham တို့လည်း အမျိုးသမီး ၁၆ ယောက်အဆင့်သို့ တက်ရောက်နိုင်ခဲ့ကြသည်။

အမျိုးသားပြိုင်ပွဲတွင်လည်း ဂျာမနီနိုင်ငံမှ Dimitrij Ovtcharov က အီဂျစ်ကစားသမား Omar Assar ကို ၃-၁  ဖြင့် အနိုင်ရကာ နောက်တစ်ဆင့်တက်လှမ်းနိုင်ခဲ့သည်။

အခြားပွဲစဉ်တစ်ခုတွင် တောင်ကိုရီးယားမှ Lim Jong-hoon  ဆွီဒင်နိုင်ငံမှ Anton Kallberg ကို ပထမနှစ်ပွဲ ရှုံးနိမ့်ထားရာမှ ပြန်လည်အသာရကာ ၅ ပွဲကစားပြီးနောက် အနိုင်ရရှိခဲ့သည်။ (Xinhua)

…………….

(English Version)

China's Wen advances, Wang exits at WTT Champions Frankfurt

BERLIN, Nov. 4 (Xinhua) -- China's Wen Ruibo advanced to the men's singles round of 16, while compatriot Wang Yidi suffered a first-round exit at WTT Champions Frankfurt on Wednesday.

World No. 14 Wen defeated South Korea's An Jae-hyun 11-5, 11-6, 11-3. The Chinese player conceded just 14 points across three games to set up a round-of-16 clash with compatriot Wang Chuqin.

"An is a strong opponent. I made full preparations for this match and had good communication with my coach. No matter how many points I trailed by, I just fought point by point," said Wen.

Women's third seed Wang lost in straight games to Germany's world No. 16 Han Ying, 11-8, 12-10, 11-4.

Wang pushed Han to deuce in the second game but was unable to level the match. Han then pulled away in the third to complete the victory.

Han's victory was part of a strong day for the hosts, with Annett Kaufmann, Sabine Winter and Nina Mittelham also advancing to the women's round of 16.

Germany's Dimitrij Ovtcharov also progressed in the men's competition, overcoming Egypt's Omar Assar 3-1.

Elsewhere, South Korea's Lim Jong-hoon rallied from two games down to beat Sweden's Anton Kallberg in five games.

Photo caption: Wen Ruibo hits a return during the men's singles round of 16 match between Wen Ruibo of China and Truls Moregard of Sweden at the WTT Champions Chongqing 2026 in southwest China's Chongqing, March 12, 2026. (Xinhua/Tang Yi)

မူရင်းသတင်း — Xinhua Myanmar