Xinhua Myanmar

အိန္ဒိယအစိုးရက စွမ်းအင်သိုလှောင်ရေးစီမံကိန်းများအတွက် အမေရိကန်ဒေါ်လာ ၁.၅၃ ဘီလီယံတန်ဖိုးရှိ စီမံကိန်းတစ်ရပ် အတည်ပြု

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ် Nagaon ခရိုင်ရှိ လျှပ်စစ်ဓာတ်အား တာဝါတိုင်တစ်ခုကို ၂၀၂၂ ခုနှစ် ဧပြီ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)

အိန္ဒိယအစိုးရသည် နိုင်ငံအတွင်း စွမ်းအင်သိုလှောင်မှုပမာဏ ၉၂ GWh (ဂစ်ဂါဝပ်နာရီ) တည်ဆောက်နိုင်ရန်အတွက် အမေရိကန်ဒေါ်လာ ၁.၅၃ ဘီလီယံတန်ဖိုးရှိ စီမံကိန်းတစ်ရပ်ကို နိုဝင်ဘာ ၄ ရက်တွင် အတည်ပြုခဲ့သည်။

ထိုစီမံကိန်းတွင် ရေတင်သိုလှောင်စနစ်ဖြင့် စွမ်းအင်ထုတ်လုပ်သည့်စက်ရုံမှ ပမာဏ ၆၀ GWh၊ ဘက်ထရီစွမ်းအင်သိုလှောင်မှုစနစ်ဖြင့် ပမာဏ ၃၀ GWh နှင့် အခြားရွေးချယ်စရာ စွမ်းအင်သိုလှောင်မှုနည်းပညာများမှ ပမာဏ ၂ GWh အသီးသီး တည်ဆောက်သွားရန် အစီအစဉ်ရေးဆွဲထားကြောင်း အစိုးရ၏ထုတ်ပြန်ချက်အရ သိရသည်။

စီမံကိန်း၏ အဓိကရည်ရွယ်ချက်တစ်ရပ်မှာ ဝယ်လိုအားဘက်တွင် ဘဏ္ဍာရေးအထောက်အပံ့များပေးခြင်းဖြင့် အိန္ဒိယနိုင်ငံ၏ ပြည်တွင်းစွမ်းအင်သိုလှောင်မှုစနစ်များထုတ်လုပ်မှုဂေဟစနစ်ကို ပိုမိုခိုင်မာစေရန်နှင့် ပြည်ပမှတင်သွင်းရသည့်အစိတ်အပိုင်းများအပေါ် မှီခိုမှုလျှော့ချရန်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံသည် ၂၀၃၀ ပြည့်နှစ်တွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ၅၀၀ GW ရရှိရေး ဟူသော ကြီးမားသည့်ပန်းတိုင်အတွက် ယခုဖြစ်ပေါ်တိုးတက်မှုသည် အလွန်ရေးပါသည့်ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားကြောင်း သိရသည်။ (Xinhua)

…………….

(English Version)

India govt approves 1.53 billion USD scheme for energy storage projects

NEW DELHI, Nov. 5 (Xinhua) -- The Indian government on Wednesday approved a 1.53 billion U.S. dollars scheme to help build 92 GWh of energy storage capacity in the country.

In breakdown, the scheme envisages the development of 60 GWh of Hydro Pumped Storage Plant capacity, 30 GWh of Battery Energy Storage System capacity and 2 GWh of capacity through alternative energy storage technologies, according to a government statement.

A key objective of the scheme is to strengthen India's domestic energy storage manufacturing ecosystem through demand-side financial support and reduce dependence on imported components, the statement said.

Reports said this development is significant given India's ambitious target of 500 GW of renewable energy by 2030.

Photo caption: Photo taken on April 22, 2022 shows an electricity tower in Nagaon district of India's northeastern state of Assam. (Str/Xinhua)

မူရင်းသတင်း — Xinhua Myanmar