CarsDB

အောက်တိုဘာလ အရောင်းရဆုံး လျှပ်စစ်ကားများစာရင်းတွင် BYD မှာ ထိပ်ဆုံးတွင် ရပ်တည်နေ

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလအတွက် အထင်ကရ ကားထုတ်လုပ်သူများ၏ ကမ္ဘာတစ်ဝန်း ရောင်းအား စာရင်း ထွက်ပေါ်လာသည်။

ထိုစာရင်းတွင် BYD မှာ ထိပ်ဆုံး၌ ရပ်တည်နေပြီး Geely မှာ ဒုတိယနေရာတွင် ရှိသည်။

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလအတွင်း BYD သည် ကမ္ဘာတဝန်းတွင် အိမ်စီးကား ၄၈၃,၁၂၅ စင်း ရောင်းချခဲ့ရသည်။

အသေးစိတ်ဆိုရလျှင် BYD ၏ Dynasty နှင့် Ocean series မှာ ၄၂၃,၈၄၃ စင်း၊ Fang Cheng Bao မှာ ၄၃,၈၇၂ စင်း၊ Denza မှာ ၁၅,၁၅၂ စင်းနှင့် Yangwang က ၂၅၈ စင်း အသီးသီး ရောင်းချခဲ့ရသည်။

ဒုတိယနေရာတွင် ရပ်တည်နေသော Geely Auto ၏ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ရောင်းအားမှာ ၂၁၄,၉၉၆ စင်း ဖြစ်သည်။

ယင်းအနက် Geely Galaxy မှာ ၁၅၃,၃၈၅ စင်း၊ Zeekr မှာ ၃၂,၄၈၃ စင်းနှင့် Lynk & Co မှာ ၁၈,၅၂၁ စင်း ရောင်းချထားရသည်။

Leapmotor သည် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလတွင် ၁၀၆,၁၂၇ စင်း ရောင်းချခဲ့ရပြီး ယခင်နှစ် အလားတူ ကာလထက် ၅၀ ဒသမ ၉၉ ရာခိုင်နှုန်း ရောင်းအားမြင့်တက်လာခဲ့သည်။ ယခု နိုဝင်ဘာလအတွင်း အစင်းရေ ၂ သန်းမြောက် ကားကို ထုတ်လုပ်သွားမည်ဖြစ်ကြောင်း Leapmotor က ထုတ်ပြန်ထားသည်။ Leapmotor သည် ကမ္ဘာတစ်ဝန်း အစင်းရေ ၁၀၀,၀၀၀ ကျော် ရောင်းချခဲ့ရသည်မှာ အောက်တိုဘာအထိ ၄ လ ဆက်တိုက် ဖြစ်သည်။

Changan ၏ အဓိက NEV brand ဖြစ်သော Nevo သည် အောက်တိုဘာတွင် ၆၃,၆၄၈ စင်း ရောင်းချခဲ့ရရာ စက်တင်ဘာလထက် ၃၆ ဒသမ ၉ ရာခိုင်နှုန်း ရောင်းအား မြင့်တက်လာခဲ့သည်။ နှစ်အလိုက် နှိုင်းယှဉ်လျှင် ၇၅ ရာခိုင်နှုန်းအထိ ရောင်းအားတက်ခဲ့ခြင်း ဖြစ်သည်။

Changan ၏ NEV brand ဖြစ်သော Deepal ၏ အောက်တိုဘာ ရောင်းအားမှာ ၃၂,၆၀၂ စင်း ဖြစ်သည်။

Great Wall Motor သည် အောက်တိုဘာလအတွင်း စွမ်းအင်သစ်သုံးယာဉ် ၄၉,၄၉၉ စင်း ရောင်းချခဲ့ရာတွင် Ora ၁၂,၁၈၇ စင်းနှင့် Wey ၈,၆၄၈ စင်း ပါဝင်သည်။

Xpeng သည် အောက်တိုဘာလအတွင်း ကမ္ဘာတစ်ဝန်းတွင် ၅၀,၂၃၇ စင်း ရောင်းချပေးခဲ့ရာ စက်တင်ဘာလထက် ၂၁ ဒသမ ၈ ရာခိုင်နှုန်းနှင့် ယခင်နှစ် အလားတူကာလထက် ၁၉ ဒသမ ၆ ရာခိုင်နှုန်း ရောင်းအားတက်ခဲ့သည်။

ပြည်ပသို့ တင်ပို့သည့် အစင်းရေမှာ ၁၃,၃၂၆ စင်းဖြစ်ရာ ယခင်နှစ်ထက် ၁၆၆ ရာခိုင်နှုန်း ရောင်းအားတက်ခဲ့သည်။

Xiaomi ၏ အောက်တိုဘာလ ရောင်းအားမှာ အစင်းရေ ၅၀,၀၀၀ ကျော် ဖြစ်သည်။ ၂၀၂၆ တစ်နှစ်တာလုံးအတွက် ရောင်းအား target မှာ ၅၅၀,၀၀၀ စင်း ဖြစ်ပြီး လက်ရှိအချိန်အထိ ရောင်းအား ရည်မှန်းချက်၏ ၆၀ ရာခိုင်နှုန်းခန့် ရရှိထားပြီ ဖြစ်သည်။

Huawei ၏ ကားအရောင်းကွန်ရက်ဖြစ်သော HIMA (Harmony Intelligent Mobility Alliance) သည် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလအတွင်း ၃၃,၅၃၇ စင်း ရောင်းချခဲ့ရသည်။

HIMA မှ ရောင်းချပေးသော ကား brand များတွင် Aito, Luxeed, Stelato, Maextro နှင့် Saic (Shangjie) တို့ ပါဝင်သည်။

Nio သည် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလတွင် ၃၄,၂၄၆ စင်း ရောင်းချပေးခဲ့သည်။ Nio အမှတ်တံဆိပ်မှာ ၁၈,၁၂၅ စင်း၊ Onvo မှာ ၈,၃၈၃ စင်းနှင့် Firefly မှာ ၇,၇၃၈ စင်းတို့ ပါဝင်သည်။

GAC Aion သည် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလတွင် ၄၂,၃၅၇ စင်း ရောင်းချခဲ့ရရာ ယခင်နှစ် အလားတူ ကာလထက် ၅၆ ဒသမ ၈ ရာခိုင်နှုန်း ရောင်းအားတက်လာခဲ့သည်။ ထိုရောင်းအားတွင် Aion နှင့် Hyptec brand များ၏ ရောင်းအားများ ပါဝင်သည်။

Li Auto ၏ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ရောင်းအားမှာ ၂၉,၀၂၅ စင်းဖြစ်သည်။ Li Auto သည် အောက်တိုဘာမှစကာ CATL ဘက်ထရီများကို လုံးဝအသုံးမပြုတော့ချေ။

BAIC NEV ၏ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ရောင်းအားမှာ ၃၂,၅၀၂ စင်းဖြစ်ပြီး ယခင်နှစ် ကာလတူထက် ၆ ဒသမ ၄၂ ရာခိုင်နှုန်း ရောင်းအားတက်လာခဲ့သည်။

Dongfeng ၏ high-end brand ဖြစ်သော Voyah ၏ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ရောင်းအားမှာ ၁၃,၀၃၀ စင်း ဖြစ်သည်။

((အောက်တိုဘာလ အရောင်းရဆုံး EV များ))

၁။ BYD - ၄၈၃,၁၂၅ စင်း
၂။ Geely - ၂၁၄,၉၉၆ စင်း
၃။ Leapmotor - ၁၀၆,၁၂၇ စင်း
၄။ Changan Nevo - ၆၃,၆၄၈ စင်း
၅။ Xpeng - ၅၀,၂၃၇ စင်း
၆။ Xiaomi - ၅၀,၀၀၀ ကျော် စင်း
၇။ Great Wall Motor - ၄၉,၄၉၉ စင်း
၈။ GAC Aion - ၄၂,၃၅၇ စင်း
၉။ Nio - ၃၄,၂၄၆ စင်း
၁၀။ HIMA - ၃၃,၅၃၇ စင်း

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: China EV sales in October: BYD 483,125, Geely 214,996, Leapmotor 106,127, Xpeng 50,237 (timesofindia)

မူရင်းသတင်း — CarsDB