Myanmar National Post

ကျိုက်ထိုမြို့ မူလွန်ကော့ထင်း ကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ပြုလုပ်





ကျိုက်ထို၊ နိုဝင်ဘာ  ၅

မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ နိုဝင်ဘာ(၅)ရက် နံနက်ပိုင်းကလူငယ်ရေးရာအသိပညာ‌ပေးဟောပြောပွဲကို‌ ကော့ထင်းကျေးရွာရှိ မူလွန်ကော့ထင်း ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးဒေါ်ရီရီမိုးကအမှာစကားပြောကြားပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ဦးစီးအရာရှိ ‌‌ ဒေါ်သန်းသန်းမော်က ကျောင်းသူ‌၊ကျောင်းသားများအနေဖြင့် အားလပ်ချိန်ကို အကျိုးရှိစွာအသုံးပြုကြရေး၊ ကျောင်းစာကိုကြိုးစားကြသလို ဗဟုသုတတိုးပွားရေးအတွက် ပြင်ပ စာပေများကိုပါ လေ့လာဖတ်ရှုကြရေးတို့ကို ဆွေးနွေးပြောကြားပြီး  စွမ်းရည်ပြိုင်ပွဲများပြုလုပ်ကာ လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့သည်။

အဆိုပါ အသိပညာပေးလုပ်ငန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသူကျောင်းသားများ ဖတ်ရှုလေ့လာနိုင်ရန် ကလေးကဗျာများ၊ ရုပ်ပြပုံပြင်များ၊ စာစောင်များ စသည့် လူငယ်များအသိပညာတိုးပွားရေး စာအုပ်စာပေများ၊ သဘာဝ

ပတ်ဝန်းကျင်ထိန်းထိမ်းကာကွယ်ရေး စသည့်အသိပညာပေး နံရံကပ်စာစောင်များကို ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများမှစိတ်ပါ၀င်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။


ပြည့်ဖြိုး

#News #Myanmar

မူရင်းသတင်း — Myanmar National Post