
ဘာလင်၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)
နိုဝင်ဘာ ၄ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ပွဲစဉ်တွင် ကိုမိုအသင်းက လန်းစ်အသင်းကို အဝေးကွင်း၌ ၉-၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး ချန်ပီယံလိဂ်ပွဲစဉ်တစ်ပွဲတွင် အဝေးကွင်းအသင်းတစ်သင်းအနေဖြင့် ၉ ဂိုးသွင်းယူနိုင်သည့် ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
အဆိုပါပွဲစဉ်တွင် ဂရိလက်ရွေးစင်ကစားသမား အနာစတာစီယို့စ် ဒူဗီကတ်စ်က တစ်ပွဲအတွင်း သုံးဂိုးသွင်းယူကာ ကိုမိုအသင်းအတွက် အဓိကခြေစွမ်းပြနိုင်ခဲ့ပြီး အီတလီ စီးရီးအေကလပ်အသင်းသည် ယခုရာသီ ချန်ပီယံလိဂ် လိဂ်အဆင့်ပွဲစဉ် လေးပွဲကစားပြီးချိန်တွင် တတိယမြောက်နိုင်ပွဲကို ရရှိခဲ့သည်။
ကိုမိုအသင်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတွင် ပွဲစဉ်တစ်ပွဲ၌ ၉ ဂိုးသွင်းယူနိုင်သည့် ဒုတိယမြောက်အသင်းလည်း ဖြစ်လာခဲ့သည်။ ယင်းမတိုင်မီ ၂၀၂၄ ခုနှစ် ချန်ပီယံလိဂ် လိဂ်အဆင့်ပွဲစဉ်တွင် ဘိုင်ယန်မြူးနစ်အသင်းက ဒီနမို ဇာဂရက်အသင်းကို ၉-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ဖူးသည်။
ပြီးခဲ့သည့်ရာသီ အီတလီ စီးရီးအေပြိုင်ပွဲတွင် အဆင့် ၄ နေရာ၌ ရပ်တည်နိုင်ခဲ့သဖြင့် ချန်ပီယံလိဂ်ပြိုင်ပွဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည့် ကိုမိုအသင်းသည် ယခုပွဲစဉ်အပြီးတွင် ရမှတ် ၉ မှတ်ဖြင့် အမှတ်ပေးဇယား အဆင့် ၄ နေရာ၌ ရပ်တည်နေသည်။
ထို့ပြင် ယခုပွဲရလဒ်သည် ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ပြင်သစ်ကလပ်အသင်းတစ်သင်းအတွက် အကြီးမားဆုံးရှုံးပွဲလည်း ဖြစ်ခဲ့သည်။
အခြားပွဲစဉ်များတွင် ဘိုရူစီယာ ဒေါ့မွန်က ရီးရဲလ်ဘက်တစ်ကို ၂-၁ ဂိုးဖြင့်လည်းကောင်း၊ မန်ချက်စတာစီးတီးက အာဘီ လိုက်ပ်ဇစ်ကို ၃-၂ ဂိုးဖြင့်လည်းကောင်း၊ အာဆင်နယ်က ဆလာဗီယာ ပရာ့ဂ်ကို ၂-၁ ဂိုးဖြင့်လည်းကောင်း၊ ဖီနာဘာချီက လီဗာပူးလ်ကို ၃-၂ ဂိုးဖြင့်လည်းကောင်း၊ ပေါ်တိုက နာပိုလီကို ၄-၁ ဂိုးဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့သည်။
ထို့အတူ ကလပ်ဘရုဂေးက ပီအက်စ်ဗီ အိုင်ဟိုဗင်အသင်းကို အဝေးကွင်းတွင် ၂-၁ ဂိုးဖြင့်လည်းကောင်း၊ ဗိုက်ကင်း စတာဗန်ဂါက ဆာဘားအသင်းကို ၄-၁ ဂိုးဖြင့်လည်းကောင်း၊ ရီးရဲလ်မက်ဒရစ်က အေအီးကေ အေသင်အသင်းကို ၃-၂ ဂိုးဖြင့်လည်းကောင်း အသီးသီးအနိုင် ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

------------------------------------------
(English Version)
Como hits nine in Lens rout in Champions League
BERLIN, Nov. 4 (Xinhua) -- Como became the first away team to score nine goals in a UEFA Champions League match with a 9-1 rout of Lens on Wednesday.
Greek international Anastasios Douvikas led the way with a hat-trick as the Serie A side claimed its third win in four matches in this season's league phase.
Como is only the second team to score nine goals in a match in the competition, after Bayern Munich beat Dinamo Zagreb 9-2 in the league phase in 2024.
Como, which finished fourth in Serie A last season to qualify for the Champions League for the first time, sits fourth in the standings with nine points.
The result also marked the heaviest defeat for a French club in Champions League history.
Elsewhere, Borussia Dortmund defeated Real Betis 2-1, Manchester City edged RB Leipzig 3-2, Arsenal overcame Slavia Prague 2-1, Fenerbahce beat Liverpool 3-2, Porto defeated Napoli 4-1, Club Brugge won 2-1 at PSV Eindhoven, Viking Stavanger beat Sabah 4-1, and Real Madrid edged AEK Athens 3-2.
Photo Caption 1 :Como's Nicolas Paz (R) shoots to score during the UEFA Champions League football match between Como and Manchester United in Como, Italy, Oct. 21, 2026. (Photo by Alberto Lingria/Xinhua)
Photo Caption 2 :Como's Martin Baturina (R) vies with Manchester United's Youri Tielemans during the UEFA Champions League football match between Como and Manchester United in Como, Italy, Oct. 21, 2026. (Photo by Alberto Lingria/Xinhua)