Myanmar National Post

ပေါင်မြို့နယ် အ.ထ.က(ခွဲ)ဖြူဘကျောင်း၌ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်






ပေါင်၊ နိုဝင်ဘာ  ၅

မွန်ပြည်နယ်၊ပေါင်မြို့နယ် အ.ထ.က(ခွဲ)ဖြူဘကျောင်း၌ မှုခင်းကျဆင်းရေးအသိပညာပေးဟောပြောပွဲကို ယ‌နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ မြို့နယ်ဥပဒေအရာရှိ  ဦးမျိုးထက်ကျော် ၊ဇင်းကျိုက်နယ်‌မြေစခန်းမှူး ရဲအုပ်တင်မိုး၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုး၊‌ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နှင်းထက်ထက်ဟန်၊ မြို့နယ်တိုင်းရင်း‌ဆေးကုဌာနမှ လက်ထောက်တိုင်းရင်းဆေးမှူးဒေါ်မေသီတာစိုး၊ အ.ထ.က(ခွဲ)ဖြူဘကျောင်းမှ ကျောင်အုပ်ဆရာမကြီးနှင့် ဆရာ၊ဆရာမများ၊‌ကျောင်းသား၊ကျောင်းသူ (၂၀၀)ဦးတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်ဥပဒေအရာရှိ  ဦးမျိုးထက်ကျော် ကကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအသိပညာပေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ ၊ဇင်းကျိုက်နယ်‌မြေစခန်းမှူး ရဲအုပ် တင်မိုးက ယာဉ်စည်းကမ်းလမ်းစည်းကမ်းအ‌ကြောင်းသိကောင်းစရာအသိပညာ‌ပေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နှင်းထက်ထက်ဟန်က အယ်နီညိုဖြစ်စဉ်နှင့်ပတ်သတ်၍ သိကောင်းစရာများအကြောင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊  မြို့နယ်တိုင်းရင်း‌ဆေးကုဌာနမှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်မေသီတာစိုးက  အယ်နီညိုကြောင့်ဖြစ်တတ်သော ကျန်းမာရေးနှင့်ပတ်သက်သည့် အသိပညာပေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက စာဖတ်ခြင်းအကျိုးကျေးဇူးများခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား၊ကျောင်းသူများကသိရှိလိုသည်များကိုမေးမြန်းခဲ့ရာ တာဝန်ရှိသူများမှပြန်လည်ဖြေကြားခဲ့သည်။

ဆက်လက်၍ အ.ထ.က(ခွဲ)ဖြူဘကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဥမ္မာအေး က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး သက်ဆိုင်ရာဌာနအလိုက် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။


မွန်မလေး

#News #Myanmar


မူရင်းသတင်း — Myanmar National Post