Xinhua Myanmar

ကမ္ဘာ့အလေးမ ချန်ပီယံရှစ်ပြိုင်ပွဲတွင် ဘူလ်ဂေးရီးယားနိုင်ငံမှ နာဆာက ကမ္ဘာ့စံချိန်သုံးခုကို ချိုးဖျက်နိုင်ခဲ့

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် နင်းပေါမြို့၌ ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၄ ရက်က ကျင်းပသည့် ၂၀၂၆ IWF ကမ္ဘာ့အလေးမ ချန်ပီယံရှစ်ပြိုင်ပွဲ အမျိုးသား ၉၅ ကီလိုတန်း နှစ်ဆင့်မနည်းပြိုင်ပွဲတွင် ဘူလ်ဂေးရီးယားနိုင်ငံမှ ကားလို့စ် နာဆာ ပြိုင်ပွဲဝင်နေစဉ် (ဆင်ဟွာ)

နင်းပေါ၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နင်းပေါမြို့တွင် နိုဝင်ဘာ ၄ ရက်က ကျင်းပခဲ့သည့် ကမ္ဘာ့အလေးမ ချန်ပီယံရှစ်ပြိုင်ပွဲ အမျိုးသား ၉၅ ကီလိုတန်းတွင် ဘူလ်ဂေးရီးယားနိုင်ငံမှ ကားလို့စ် နာဆာက ကမ္ဘာ့စံချိန် သုံးခုစလုံးကို ချိုးဖျက်ကာ ၎င်း၏ စတုတ္ထမြောက် ကမ္ဘာ့ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သည်။

၂၀၂၄ အိုလံပစ်ချန်ပီယံဖြစ်သည့် အသက် ၂၁ နှစ်အရွယ် နာဆာမှာ ၈၉ ကီလိုတန်းမှ တန်းတက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကာ ၎င်းအနေဖြင့် အမြန်မနည်းတွင် ၁၈၅ ကီလို၊ နှစ်ဆင့်မနည်းတွင် ၂၃၀ ကီလို၊ စုစုပေါင်း ၄၁၅ ကီလို မ နိုင်ခဲ့ပြီး ကာဇက်စတန်နိုင်ငံမှ နာဂစ်ဆာ အာဒီလက်ကျူလီထက် ၁၆ ကီလိုအသာဖြင့် ရွှေတံဆိပ်ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

အာဒီလက်ကျူလီက စုစုပေါင်း ၃၉၉ ကီလိုဖြင့် ငွေတံဆိပ်ရရှိခဲ့ပြီး ၂၀၂၄ အာရှအားကစားပြိုင်ပွဲချန်ပီယံ အီရန်အလေးမအားကစားသမား အလီ အာလီပူးရ်က စုစုပေါင်း ၃၉၆ ကီလိုဖြင့် ကြေးတံဆိပ်ဆွတ်ခူးသွားခဲ့သည်။ တရုတ်နိုင်ငံမှ ချန်ဖေးရှန် ကမူ စုစုပေါင်း ၃၈၅ ကီလိုဖြင့် စတုတ္ထနေရာနှင့်သာ ကျေနပ်ခဲ့ရသည်။

ရွှေတံဆိပ်ဆုရှင် နာဆာမှာ ၆ ကြိမ်စလုံး အောင်မြင်စွာ မ နိုင်ခဲ့ပြီး အမြန်မနည်းတွင် ၁၇၅ ကီလို၊ ၁၈၀ ကီလိုနှင့် ၁၈၅ ကီလိုတို့ကိုလည်းကောင်း၊ နှစ်ဆင့်မနည်းတွင် ၂၁၃ ကီလို၊ ၂၂၀ ကီလိုနှင့် ၂၃၀ ကီလိုတို့ကိုလည်းကောင်း အသီးသီး မ နိုင်ခဲ့သည်။

၎င်း နောက်ဆုံးယှဉ်ပြိုင်ခဲ့သည့် နှစ်ဆင့်မနည်းတွင် ယခင်ကမ္ဘာ့စံချိန်ဖြစ်သည့် ၂၂၀ ကီလိုကို ချိုးဖျက်နိုင်ခဲ့သလို စုစုပေါင်းစံချိန်၌လည်း စက်တင်ဘာလက အာလီပူးရ် တင်ရှိထားသော ယခင်ကမ္ဘာ့စံချိန်ဖြစ်သည့် ၃၉၈ ကီလိုကို ထပ်မံချိုးဖျက်နိုင်ခဲ့သည်။ "ဒါက ကျွန်တော့်အတွက် ပုံမှန်ပါပဲ" ဟု နာဆာက ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်။

"ကျွန်တော် ကျေနပ်ပါတယ်။ ကျွန်တော် ရွှေတံဆိပ်ရဖို့အတွက်ပဲ ဒီကိုလာခဲ့တာပါ" ဟု ၎င်းက ဆက်လက်ပြောသည်။

အဆိုပါအောင်ပွဲကြောင့် နာဆာအနေဖြင့် ၎င်း၏စတုတ္ထမြောက် ကမ္ဘာ့ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး အလေးမ အားကစားလောက၏ ထိပ်တန်းကစားသမားတစ်ဦးအဖြစ် ရပ်တည်နေမှုကို ပိုမိုခိုင်မာစေခဲ့သည်။

ဆုပေးပွဲအခမ်းအနားအပြီးတွင် နင်းပေါအားကစားရုံ၌ အဆိုပါ ဘူလ်ဂေးရီးယား အားကစားသမားကို ဓာတ်ပုံရိုက်ကူးလိုသည့် ပရိသတ်များက ဝန်းရံထားခဲ့သည်။

"ဒါက ချစ်ခြင်းမေတ္တာပါပဲ။ ကျွန်တော် အဲဒါကိုသဘောကျပါတယ်။ အဲဒါက ကျွန်တော့်အတွက် စိတ်ဓာတ်ခွန်အားပါပဲ" ဟု ၎င်းက ပြောသည်။

နင်းပေါမြို့၌ ကျင်းပသည့် အဆိုပါပြိုင်ပွဲသည် ၂၀၂၈ လော့စ်အိန်ဂျလိစ် အိုလံပစ်ပြိုင်ပွဲ ဝင်ခွင့်ရရှိရေးအတွက် အရည်အချင်းစစ်ဆေးမှု လမ်းကြောင်းပေါ်မှ ပထမဆုံး ပြိုင်ပွဲလည်းဖြစ်သည်။ (Xinhua)

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် နင်းပေါမြို့၌ ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၄ ရက်က ကျင်းပသည့် ၂၀၂၆ IWF ကမ္ဘာ့အလေးမ ချန်ပီယံရှစ်ပြိုင်ပွဲ အမျိုးသား ၉၅ ကီလိုတန်းပြိုင်ပွဲအပြီး ဆုပေးပွဲအခမ်းအနားတွင် ကာဇက်စတန်နိုင်ငံမှ ငွေတံဆိပ်ဆုရှင် နာဂစ်ဆာ အာဒီလက်ကျူလီ၊ ဘူလ်ဂေးရီးယားနိုင်ငံမှ ရွှေတံဆိပ်ဆုရှင် ကားလို့စ် မေနာဆာ၊ အီရန်နိုင်ငံမှ ကြေးတံဆိပ်ဆုရှင် အလီ အာလီပူးရ် (ဝဲမှယာ) တို့ အမှတ်တရဓာတ်ပုံရိုက်နေစဉ် (ဆင်ဟွာ)

..................................

(English Version)

Bulgaria's Nasar smashes three world records at weightlifting worlds

NINGBO, Nov. 4 (Xinhua) -- Bulgaria's Karlos Nasar broke all three world records in the men's 95kg category to claim his fourth world title at the World Weightlifting Championships on Wednesday.

The 21-year-old 2024 Olympic champion, who has moved up from the 89kg division, lifted 185kg in the snatch and 230kg in the clean and jerk for a combined total of 415kg, finishing 16kg ahead of Kazakhstan's Nurgissa Adiletuly.

Adiletuly took silver with 399kg, while Iran's Ali Alipour, the 2024 Asian Games champion, claimed bronze with 396kg. China's Qian Feixiang finished fourth with 385kg.

Nasar completed all six of his attempts, lifting 175kg, 180kg and 185kg in the snatch before clearing 213kg, 220kg and 230kg in the clean and jerk.

His final clean and jerk surpassed the previous world standard of 220kg, while his combined total eclipsed the previous world record of 398kg set by Alipour in September.

"This is normal for me," Nasar told Xinhua. "I feel good. I'm here only for the gold medal."

The victory gave Nasar his fourth world title and further cemented his status as one of weightlifting's leading athletes.

After the medal ceremony, the Bulgarian was surrounded by fans seeking photographs at the Ningbo venue.

"This is love. I like this. This is my motivation," he said.

The championships in Ningbo mark the opening event of the qualification pathway for the 2028 Los Angeles Olympics.

Photo caption 1: Karlos May Nasar of Bulgaria competes during clean and jerk of the men's 95kg event at the 2026 IWF World Championships in Ningbo, east China's Zhejiang Province, Nov. 4, 2026. (Xinhua/Hou Zhaokang)

Photo caption 2: Total silver medalist Nurgissa Adiletuly of Kazakhstan, gold medalist Karlos May Nasar of Bulgaria and bronze medalist Ali Alipour (L to R) of Iran pose during the awarding ceremony for the men's 95kg event at the 2026 IWF World Championships in Ningbo, east China's Zhejiang Province, Nov. 4, 2026. (Xinhua/Hou Zhaokang)

မူရင်းသတင်း — Xinhua Myanmar