NP News

အမေရိကန်မှာ ဝက်သက်ရောဂါကြောင့် သေဆုံးသူအရေအတွက်(၈)ဦးအထိရှိလာ

Pika (NP News) - နိုဝင်ဘာ ၇

အမေရိကန်နိုင်ငံ ဝစ်ကွိုင်ဆင်ပြည်နယ်မှာ ဝက်သက်ရောဂါကြောင့် မွေးကင်းစကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီးနောက် အခုနှစ်အတွင်း အမေရိကန်နိုင်ငံတစ်ဝှမ်းမှာ ဝက်သက်ရောဂါကြောင့် သေဆုံးသူအရေအတွက်က (၈)ဦးအထိရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။
အဲဒီအရေအတွက်က ပြီးခဲ့တဲ့ဆယ်စုနှစ်များစွာအတွင်း အမေရိကန်နိုင်ငံမှာ ဝက်သက်ရောဂါဖြစ်ပွားမှုတွေအနက် လူအသေအပျောက်အများဆုံးဖြစ်ရပ်တစ်ခုဖြစ်လာတယ်လို့လည်း သိရပါတယ်။

ဝစ်ကွိုင်ဆင်ပြည်နယ် အနောက်တောင်ပိုင်းခရိုင်တွေမှာ ဝက်သက်ရောဂါဖြစ်ပွားမှုတွေရှိနေချိန်မှာပဲဖြစ်ပေါ်လာတဲ့ ဒီသေဆုံးမှုက (၁၉၉၀)ခုနှစ်နောက်ပိုင်း ဝက်သက်ရောဂါကြောင့် ပြည်နယ်တွင်းမှာဖြစ်ပွားခဲ့တဲ့ ပထမဆုံးသေဆုံးမှုဖြစ်တယ်လို့လည်း သိရပါတယ်။
ဝက်သက်ရောဂါကြောင့် ပင်ဆယ်ဗေးနီးယားပြည်နယ်မှာ သေဆုံးသူ(၆)ဦးရှိပြီး နယူးယောက်ပြည်နယ်မှာ သေဆုံးသူ(၁)ဦးရှိတယ်လို့ မှတ်တမ်းတင်ထားပြီး ၎င်းတို့အနက်(၃)ဦးက အခုသီတင်းပတ်အတွင်း သေဆုံးခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

ရောဂါထိန်းချုပ်ရေးနဲ့ကာကွယ်ရေးစင်တာ (CDC)ရဲ့ထုတ်ပြန်ချက်အရ လက်ရှိအချိန်အထိ အမေရိကန်တစ်ဝှမ်းမှာ ဝက်သက်ရောဂါကူးစက်ခံရသူ(၅၁၈၂)ဦးရှိပြီး (၂၀၂၅)ခုနှစ်တုန်းက မှတ်တမ်းတင်ထားတဲ့အရေအတွက် (၂၂၈၉)ဦးထက် နှစ်ဆကျော်ပိုမိုများပြားနေတာလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ(၃)ရက်အထိ ဝစ်ကွိုင်ဆင်ပြည်နယ်တစ်ခုတည်းရဲ့ခရိုင်(၁၃)ခုမှာ ဝက်သက်ရောဂါဖြစ်ပွားသူ(၄၃၁)ဦးရှိပြီး အဲဒီအရေအတွက်က လွန်ခဲ့တဲ့အချိန်(၃၅)နှစ်ကျော်ကာလအတွင်း အမြင့်ဆုံးအရေအတွက်ဖြစ်တယ်လို့လည်း သိရပါတယ်။

မူရင်းသတင်း — NP News