
Pika (NP News) - နိုဝင်ဘာ ၇
အမေရိကန်သမ္မတ၏ရုံးခန်းကို အမျိုးသား အထိမ်းအမှတ်နေရာအဖြစ်သတ်မှတ်သည့်အမိန့် တစ်ရပ်ကို အမေရိ ကန်သမ္မတဒေါ်နယ်ထရမ့်က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ ဒေါ်နယ်ထရမ့်၏ ရီပတ်ဘလစ် ကန်ပါတီက ကြားဖြတ်ရွေးကောက်ပွဲများတွင် အကြီးအကျယ်ရှုံးနိမ့်ခဲ့သော်လည်း ၎င်းက အိမ်ဖြူတော်ကို လှပတင့်တယ်အောင် ပြုပြင်မွမ်းမံရေးကိစ္စရပ်များအပေါ်သာ ပိုမိုအာရုံစိုက်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ကြားဖြတ်ရွေးကောက်ပွဲများမတိုင်မီတွင် အီရန်စစ်ပွဲနှင့် ကုန်ဈေးနှုန်းကြီးမြင့်မှုတို့ကဲ့သို့သော မဲဆန္ဒရှင်များ၏ စိုးရိမ်ပူပန်မှုများကို လျစ်လျူရှုကာ မြို့တော်အတွင်း တည်ဆောက်ရေးနှင့်ပြုပြင်မွမ်းမံ ရေးကိစ္စရပ်များစွာကိုသာ ဒေါ်နယ်ထရမ့်က အလွန်အမင်းအာရုံစိုက်လုပ်ဆောင်နေကြောင်း ဝေဖန်သူများက စွပ်စွဲပြောဆိုခဲ့သည်။ ဒီမိုကရက် တစ်ပါတီက အထက်လွှတ်တော်နှင့် အောက်လွှတ်တော် နှစ်ရပ်စ လုံးကိုအနိုင်ရရှိခဲ့ပြီးနောက် တစ်ရက်အကြာတွင် ဒေါ် နယ်ထရမ့်က ရွေးကောက်ပွဲရလဒ်များအားလုံးကို လုံးဝနီးပါးလျစ်လျူရှုခဲ့ပြီး အိမ်ဖြူတော်တွင်း ကပွဲခန်းမ အသစ်တည် ဆောက်ရေးလုပ်ငန်းများကိုသာ ဂုဏ်ယူ စွာပြသနေခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ဒေါ်နယ်ထရမ့်သည် သမ္မတရုံးခန်းနှင့် ဘေးချင်းကပ်လျက်ရှိသော အစိုးရ အဖွဲ့အစည်း အဝေးခန်းတို့ကိုအာရုံစိုက်ခဲ့ပြီး နောက် တက်လာမည့်သမ္မတများအနေဖြင့်လည်း အဆိုပါ အခန်းနှစ်ခန်းတွင် နောက်ထပ် မည်သည့် တည်ဆောက် ရေးလုပ်ငန်းကိုမှ လုပ်ဆောင်နိုင်တော့မည်မဟုတ်ဟု ပြောကြားခဲ့ကြောင်းသိရသည်။ ဒေါ်နယ်ထရမ့်က “ဒီနေရာကို ဖျက်ဆီးပစ်တာ၊ ထိကိုင်တာမျိုး ဘာမှကိုလုပ်လို့ရတော့မှာမဟုတ်ပါဘူး။ ဒါကို အမျိုးသားအထိမ်းအမှတ်နေရာလို့ခေါ်ပါတယ်”ဟုပြောဆိုခဲ့သည်။ ထို့ပြင် ဒေါ်နယ်ထရမ့်က အိမ်ဖြူတော် အနောက် ဘက်အဆောင်တွင် နောက်ထပ်ပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်ရန် ပြင်ဆင်နေ သည်ဆိုသည့်ခန့်မှန်း ချက်များ ထွက်ပေါ်လျက်ရှိပြီး သမ္မတရုံးခန်းအနီးတွင်ရှိကာ နာမည်ကျော်ကြားသော သတင်းစာရှင်းလင်းပွဲခန်းမမှ သတင်း ထောက်များကို အခြားနေရာသို့ ရွှေ့ပြောင်းခိုင်းနိုင်ဖွယ်ရှိကြောင်း အရိပ်အမြွက်ပြပြောကြားမှုများလည်း ရှိနေသည်။

