NP News

တစ်နှစ်အတွင်း ရုပ်ရှင်ကားပေါင်း(၁၂၀၇)ကားကို ကြည့်ရှုခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်ခဲ့သည့်အမျိုးသား

Pika (NP News) - နိုဝင်ဘာ ၇

အမေရိကန်နိုင်ငံ ပင်ဆယ်ဗေးနီးယားပြည်နယ်မှ အသက်(၆၀)နှစ်အရွယ် အမျိုးသားတစ်ဦးသည် အချိန်တစ်နှစ် တာကာလအတွင်း ရုပ်ရှင်ဇာတ် ကားစုစုပေါင်း(၁၂၀၇)ကားကို ကြည့်ရှုခဲ့ပြီးနောက် ဂင်းနစ်စံချိန်သစ်တစ်ခုကို ချိုးဖျက် နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါအမျိုးသားသည် ပျမ်းမျှအားဖြင့် တစ်ရက်လျှင် ရုပ်ရှင်ဇာတ်ကား (၃ ဒသမ ၃)ကား နှုန်းဖြင့် ကြည့်ရှုခဲ့ခြင်းဖြစ်သည်။
အွန်လိုင်းတွင် အချက်အလက်များကို ရှာဖွေစဉ်အချိန်အတွင်း ရုပ်ရှင်ကားတစ်ကားတည်းကို ရုပ်ရှင်ရုံတွင် အကြိမ်ရေအများဆုံးသွားရောက် ကြည့်ရှုခြင်းနှင့် တစ်နှစ်တာကာလအတွင်း ရုပ်ရှင်ရုံတွင် ရုပ်ရှင်ကားအများဆုံးကြည့်ရှု ခြင်းတို့နှင့် ပတ်သက်သည့် ဂင်းနစ်စံချိန်မှတ်တမ်းများကို သိရှိလာခဲ့ခြင်းဖြစ်ကြောင်း ဂလန်းဝုဒ်ဟိုစကင်ဂျူနီယာက ပြောကြားခဲ့သည်။

ရုပ်ရှင်ကားတစ်ကားတစ်တည်းကို ရုပ်ရှင်ရုံတွင် အကြိမ်ရေအများဆုံးသွားရောက်ကြည့် ရှုခြင်းစံချိန်မှာ အကြိမ် ရေ(၂၉၂)ကြိမ်အထိရှိနေပြီး ယနေ့ခေတ်တွင် အွန်လိုင်းမှတစ်ဆင့် ရုပ်ရှင်ကြည့်ရှုနိုင်သည့် စနစ်ပေါ်ပေါက် လာခဲ့ခြင်း ကြောင့် ရုပ်ရှင်ကားများမှာ ရုပ်ရှင်ရုံတွင်ပြသသည့်ကာလ တိုတောင်း လာခဲ့မှုနှင့်အတူ အဆိုပါစံချိန်မှာ ချိုးဖျက်ရန် မဖြစ် နိုင်ကြောင်း ဂလန်းဝုဒ်ဟိုစကင်ဂျူနီယာကပြောကြားခဲ့သည်။ ထို့ကြောင့် ၎င်းသည် ဒုတိယမြောက်စံချိန် ဖြစ်သည့် တစ်နှစ်တာကာလအတွင်း ရုပ်ရှင်ရုံတွင် ရုပ်ရှင်ကားအများဆုံးကြည့်ရှုခြင်းစံချိန်ကို ချိုးဖျက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ် ကြောင်း ဂလန်းဝုဒ်ဟိုစကင်ဂျူ နီယာကပြောကြားခဲ့သည်။
ဂလန်းဝုဒ်ဟိုစကင်ဂျူနီယာက ‘အိမ်ပြင်ထွက်ပြီး လှုပ်ရှားသွားလာရတာကို ကျွန်တော် တကယ်နှစ်သက်ပါ တယ်။ ပြီးတော့ စိန်ခေါ်မှုတွေ၊ ပြီးမြောက်အောင်လုပ်ဆောင်ရမယ့် ပန်းတိုင်တွေရှိနေ တာကိုလည်း ကျွန်တော်သဘော ကျပါတယ်။ ဒါကြောင့်မလို့ ဒီကိစ္စတွေအတွက် ကြိုးပမ်းဆောင်ရွက်ရတာကလည်း တကယ်ကိုပျော်စရာကောင်းခဲ့ပါ တယ်" ဟု ပြောဆိုခဲ့သည်။

ဂလန်းဝုဒ်ဟိုစကင်ဂျူနီယာသည် (၂၀၂၄)ခုနှစ် ဧပြီလတွင် ရုပ်ရှင်ကားများကို စတင်ကြည့်ရှုခဲ့ပြီး (၂၀၂၅)ခုနှစ် ဧပြီလတွင် ရုပ်ရှင်ဇာတ်ကားပေါင်း(၁၂၀၇)ကားကို ကြည့်ရှုပြီးစီးခဲ့ ကြောင်းသိရသည်။ ထို့ပြင် ဂလန်းဝုဒ်ဟို စကင်ဂျူနီယာသည် Zachariah Swope တင်ထားခဲ့သည့် ယခင် စံချိန်ဖြစ်သော ရုပ်ရှင်ကားစုစုပေါင်း(၇၇၇)ကားကို အလွယ်တကူပင်ကျော်ဖြတ်နိုင်ခဲ့ကြောင်းလည်း သိရသည်။

မူရင်းသတင်း — NP News