NP News

“Steps” ကာတွန်းရုပ်ရှင်အတွက် သီချင်းအသစ်တစ်ပုဒ်ကို ဖန်တီးသီဆိုပေးထားသည့် BLACKPINK အဖွဲ့ဝင် ဂျင်းနီ

Pika (NP News) - နိုဝင်ဘာ ၇

တောင်ကိုရီးယားအမျိုးသမီးအဆိုတော်အဖွဲ့ BLACKPINK ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဂျင်းနီသည် Netflix ၏ လာမည့်ကာတွန်းရုပ်ရှင် “Steps” အတွက် သီချင်းအသစ်တစ်ပုဒ်ကို ဖန်တီး သီဆိုပေးထားပြီး ကာတွန်းရုပ်ရှင် တစ်ခုတွင် ဂီတပိုင်း ဆိုင်ရာပါဝင်ဆောင်ရွက်သည့် ပထမဆုံးအကြိမ်ဖြစ်လာခဲ့ကြောင်းသိရသည်။

Netflix ၏ တရားဝင်ကြေညာချက်အရ ဂျင်းနီသည် အဆိုပါရုပ်ရှင်အတွက် ‘Someone to Hold’ ဟု အမည် ပေးထားသည့် သီချင်းတစ်ပုဒ်ကို ကိုယ်တိုင်ရေးစပ်သီဆိုပေးသွားခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါသီချင်းသည် ဇာတ်လမ်းထဲမှ စိတ်လှုပ် ရှားဖွယ်အခိုက်အတန့်တစ်ခုတွင် ပါဝင်လာမည်ဖြစ်ပြီး ဇာတ်လမ်း၏ အဓိကဇာတ်ကောင်များ အကြားရှိ ဆက်နွှယ်မှုကိုပေါ်လွင်စေသည့် စွမ်းအားပြည့်သီ ချင်းတစ်ပုဒ်ဖြစ်ကြောင်း Netflix ကရေးသားဖော်ပြ ထား သည်။
ဂျင်းနီကလည်း အဆိုပါစီမံကိန်းတွင်ပါ ဝင်ခွင့်ရသည့်အတွက် ၎င်း၏စိတ်လှုပ်ရှားမှုများကို ထုတ်ဖော်ပြောကြား ခဲ့ပြီး ကာတွန်းရုပ်ရှင်တစ်ခုအတွက် ပထမဆုံးအကြိမ်သီချင်းဖန်တီးရခြင်းမှာ ပျော်ရွှင်စရာကောင်းသော အတွေ့အကြုံ တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဂျင်းနီက ‘ Steps မိသားစုနဲ့ ပူးပေါင်းခွင့်ရတဲ့အတွက် အရမ်းကိုစိတ်လှုပ်ရှားမိပါတယ်။ ကာတွန်းရုပ်ရှင်တစ်ခု အတွက် ပထမဆုံးအကြိမ်အဖြစ် သီချင်းဖန်တီးရတာက တကယ်ကိုပျော်စရာ ကောင်းခဲ့ပါတယ်။ ဇာတ်ကောင်တွေ မှာရှိတဲ့ ကိုယ်ရည်ကိုယ်သွေးတွေနဲ့ သူတို့ရဲ့ကမ္ဘာလေးထဲမှာ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ခွင့်ရတဲ့အတွက်လည်း အရမ်းပျော်မိပါတယ်’ဟုပြောဆိုခဲ့သည်။ မကြာသေးမီကထွက်ရှိလာခဲ့သည့် trailer တွင် ဂျင်းနီ၏ သီချင်း အသစ်မှ အစိတ်အပိုင်းအချို့ကို ပရိသတ်များက နားထောင်ပြီးကြပြီဖြစ်သောကြောင့် သီချင်းအပြည့်အစုံကို နားဆင်ရမည့်အချိန် အတွက် ပရိသတ်များက စိတ်အားထက်သန်စွာ စောင့်မျှော် နေကြလျက်ရှိကြောင်းလည်း သိရသည်။

မူရင်းသတင်း — NP News