NP News

ပြင်သစ်နိုင်ငံတစ်ဝန်း အလုပ်သမား သိန်းချီ ချီတက်ဆန္ဒပြကာ နေထိုင်မှုစရိတ်မြင့်တက်လာမှုကို ဆန့်ကျင်ကန့်ကွက်

Pika (NP News) - နိုဝင်ဘာ ၇

နိုဝင်ဘာလ (၅)ရက်က ပြင်သစ်နိုင်ငံတစ်ဝန်းတွင် အလုပ်သမားသိန်းချီက သပိတ်မှောက် ဆန္ဒ ပြမှုများကိုလုပ် ဆောင်ခဲ့ကြပြီး နေထိုင်မှုစရိတ်မြင့် တက်လာခြင်းကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြကြောင်း သိရသည်။

ပြင်သစ်နိုင်ငံတွင် ကျောင်းဆိုင်ရာကိစ္စရပ် များနှင့်ပတ်သက်ပြီး လူငယ်များဦးဆောင်သည့် ဆန္ဒ ပြလှုပ်ရှားမှုများ ဖြစ်ပွားခဲ့ပြီးနောက် သီတင်းပတ်အ နည်းငယ်အကြာတွင် အလုပ်သမားများ၏ ဆန္ဒပြမှု များ ထွက်ပေါ်လာခြင်းဖြစ်သည်။ ထို့ပြင် အချို့မြို့ကြီးများတွင် ရုန်းရင်းဆန်ခတ်မှုများဖြစ်ပွားခဲ့မှုနှင့်အတူ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများအသုံးပြုကာ ဖြိုခွင်းခဲ့ကြောင်း သိရသည်။

ရွေးကောက်ပွဲဆိုင်ရာ လူထုသဘောထား စစ်တမ်းများတွင်လည်း လက်ယာယိမ်းဝါဒီများက ဦး ဆောင်လျက် ရှိပြီး ပြင်သစ်သမ္မတမက်ခရွန်၏နေရာ ကိုအစားထိုးမည့် ရွေးကောက်ပွဲများမတိုင်မီ အချိန် (၆)လအလို အစိုးရက ဆိုးရွားလှသည့်ဘဏ္ဍာရေးအခြေအနေများကို ပြုပြင်ဖြေရှင်းရန် ရုန်းကန်နေရချိန်တွင် အဆိုပါ ဆန္ဒပြပွဲများ ပေါ်ပေါက် လာခြင်းဖြစ်သည်။ CGT အလုပ်သမားသမဂ္ဂ၏အဆိုအရ ပြင်သစ်တစ်ဝန်းဆန္ဒပြပွဲများတွင် ဆန္ဒပြသူ (၁ ဒသမ ၆) သန်းခန့်ပါဝင်ခဲ့သည်ဟုသိရသော်လည်း ပြည်ထဲရေးဝန်ကြီးဌာနက ဆန္ဒပြသူအရေအတွက်မှာ (၅၇၅၀ဝဝ)ဦးသာရှိ ကြောင်း ထုတ်ပြန်ပြောဆိုခဲ့သည်။
ထို့ပြင် နိုဝင်ဘာလ(၆)ရက်အထိ လူပေါင်း (၄၄၈)ဦးဖမ်းဆီးခံခဲ့ရပြီး ဆန္ဒပြသူများနှင့်ထိပ်တိုက် တွေ့ဆုံမှုများ အတွင်း ရဲတပ်ဖွဲ့ဝင်(၅၃)ဦးထိခိုက်ဒဏ် ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြ ထားသည်။ CGT အလုပ် သမားသမဂ္ဂခေါင်းဆောင် ဆိုဖီဘီနက်က “ဒီနေ့မေးစရာရှိတာက ကျွန်မတို့ အနိုင်ရမှာလား၊ မရဘူးလားဆိုတာပါပဲ။ ဒါမှမဟုတ် ဘယ်လောက်အထိ ကျွန်မတို့အနိုင်ရမလဲဆိုတာပါပဲ”ဟုပြောဆိုခဲ့သည်။
အလုပ်သမားများ၏သပိတ်မှောက်မှုသည် ဥရောပတိုက်တစ်ဝန်းပျံ့နှံ့နေသည့် ကျောင်းသားများ၏ ဒေါသတကြီး ဆန္ဒပြလှုပ်ရှားမှုများ၏ နောက်ဆက် တွဲဖြစ်ပြီး ဂျာမနီ၊ စပိန်၊ ဂရိနှင့်အီတလီနိုင်ငံတို့မှလူ ငယ်များကလည်း အလားတူ ဆန္ဒပြမှုများကို ပြီးခဲ့သည့်သီတင်းပတ်များအတွင်း လုပ်ဆောင်ခဲ့ကြကြောင်းသိရသည်။

မူရင်းသတင်း — NP News