Pika (NP News) - နိုဝင်ဘာ ၇
အမေရိကန်အထက်လွှတ်တော်အမတ်ဟောင်းတစ်ဦးဖြစ်ပြီး အမေရိကန်ရဲ့အချမ်းသာဆုံး နဲ့ ဩဇာအကြီးမားဆုံးမိသားစုတွေထဲကတစ်ခုကနေ ဆင်းသက်လာတဲ့ John D. “Jay” Rockefeller IV ဟာ အသက်(၈၉)နှစ်အရွယ်နဲ့ ကွယ်လွန်သွားခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။
John D. “Jay” Rockefeller IVဟာ ဝါရှင်တန်ဒီစီမြို့က ၎င်းရဲ့နေအိမ်မှာ နိုဝင်ဘာလ(၆)ရက်က ကွယ်လွန်သွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါပေမယ့်လည်း John D. “Jay” Rockefeller IV ရဲ့ကွယ်လွန်ရတဲ့အကြောင်းအရင်းကို ၎င်းရဲ့မိသားစုဝင်တွေက ထုတ်ဖော်ပြောဆိုခဲ့တာမျိုးမရှိခဲ့ဘူးလို့လည်း သိရပါတယ်။
ဒီမိုကရက်တစ်ပါတီဝင်တစ်ဦးဖြစ်ခဲ့တဲ့ John D. “Jay” Rockefeller IVဟာ ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် နှစ်ကြိမ်တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် (၁၉၈၅)ခုနှစ်ကနေ(၂၀၁၅)ခုနှစ်အထိ ဆယ်စုနှစ်သုံးခုကြာအောင် အမေရိကန်လွှတ်တော်မှာ အနောက်ဗာဂျီးနီးယားပြည်နယ်ကို ကိုယ်စားပြုတာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။
John D. “Jay” Rockefeller IVဟာ Standard Oil ကုမ္ပဏီကို တည်ထောင်သူနဲ့ အမေရိကန်ရဲ့အချမ်းသာဆုံးစက်မှုလုပ်ငန်းရှင်ကြီးတွေထဲကတစ်ဦးဖြစ်တဲ့ John D. Rockefeller ရဲ့ မြစ်တော်စပ်သူလည်းဖြစ်ပါတယ်။
John D. “Jay” Rockefeller IV ရဲ့ မိသားစုကနေ ထင်ရှားကျော်ကြားသူအများအပြားပေါ်ထွက်ခဲ့ပြီး အမေရိကန်ဒုသမ္မတနဲ့နယူးယောက်ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဦးလေးဖြစ်သူ Nelson Rockefellerနဲ့ Chase Manhattan ဘဏ်ကိုဦးစီးခဲ့တဲ့ နောက်ထပ်ဦးလေးဖြစ်သူ David Rockefellerတို့လည်းပါဝင်တယ်လို့သိရပါတယ်။
ချမ်းသာကြွယ်ဝပြီး အခွင့်ထူးခံအသိုင်းအဝိုင်းကနေ ဆင်းသက်လာပေမယ့်လည်း John D. “Jay” Rockefeller IV ဟာ ၎င်းရဲ့နိုင်ငံရေးခရီးစဉ်ကို ဆင်းရဲနွမ်းပါးတဲ့ ကျောက်မီးသွေးထွက်တဲ့ အနောက်ဗာဂျီးနီးယားပြည်နယ်ကနေ စတင်ခဲ့တာလည်းဖြစ်ပါတယ်။
John D. “Jay” Rockefeller IVဟာ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးအစီအစဉ်တစ်ခုမှာ စေတနာ့ဝန်ထမ်းအဖြစ်လုပ်ကိုင်ဖို့ အနောက်ဗာဂျီးနီးယားပြည်နယ်ကို (၁၉၅၄)ခုနှစ်မှာ ပြောင်းရွှေ့လာခဲ့တာလည်းဖြစ်ပါတယ်။
နောက်ပိုင်းမှာ John D. “Jay” Rockefeller IVဟာ နိုင်ငံရေးလောကထဲကို ခြေချခဲ့ပြီး (၁၉၇၇)ခုနှစ်မှာ ပြည်နယ်အုပ်ချုပ်ရေးမှူးဖြစ်လာခဲ့တာလည်းဖြစ်ပါတယ်။