NP News

ဘားအံမြို့တွင် (၇၁)ကြိမ်မြောက် ကရင်ပြည်နယ်နေ့ ဖွင့်ပွဲအခမ်းအနားကျင်းပ

ထိုက်စံ (NP News) - နိုင်ဝင်ဘာ ၇

(၇၁)ကြိမ်မြောက် ကရင်ပြည်နယ်နေ့ဖွင့်ပွဲအခမ်းအနားကို ယနေ့(နိုဝင်ဘာ ၇ ရက်)၊ နံနက်(၇)နာရီက ဘားအံမြို့ရှိ ကရင်ပြည်နယ် အစိုးအဖွဲ့ရုံးရှေ့တွင် ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ ဒုတိယသမ္မတဒေါ်နန်းနီနီအေး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ငြိမ်းချမ်းရေးအဖွဲ့ ဧည့်သည်တော်များနှင့် မြို့မိမြို့ဖများ တက်ရောက်ခဲ့ပြီး သဘာပတိအဖွဲ့ဝင်များမှ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင်ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ပေးပို့သည့်သဝဏ်လွှာအား ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက ဖတ်ကြားခဲ့သည်။
ထို့နောက် (၇၁)နှစ်မြောက် ကရင်ပြည်နယ်နေ့ မုခ်ဦး နှင့်ပြခန်းများအား ဖွင့်လှစ်ပြီးနောက် ငြိမ်းချမ်းရေး ချိုးငှက်(၇၁)ကောင်ကို တစ်ပြိုင်နက်လွှတ်တင်ခဲ့ကြသည်။
ထို့ပြင် အဆိုပါ ဖွင့်လှစ်ခဲ့သည့် ပြည်နယ်အစိုးရဌာနပြခန်းများအား ဒုတိယသမ္မတ ဒေါ်နန်းနီးနီအေးမှ လှည့်လည်ကြည့်ရှုခဲ့သည်။

မူရင်းသတင်း — NP News