
ရဲထက် (NP News) - နိုဝင်ဘာ ၈
ကမ္ဘာ့ဘောလုံးလောကမှာ ပရိသတ်အခိုင် အမာရရှိထားတဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္ထဝင်ကစား သမားဟောင်းတွေ မြန်မာနိုင်ငံကိုလာ ရောက်ခဲ့တဲ့ဖြစ်ရပ်ဟာ ဘောလုံးချစ်သူတွေအတွက် စိတ်လှုပ်ရှားစရာကောင်းတဲ့ အကြောင်းအရာတစ်ခု ဖြစ်ခဲ့ပါတယ်။ လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ လူမှုရေးနဲ့ စီးပွားရေးအခြေအနေတွေကြားမှာ ဒီလိုနိုင်ငံတ ကာအဆင့်မီပွဲတစ်ခုကျင်းပနိုင်ခဲ့တာဟာ ဘယ်လို အဓိပ္ပာယ်တွေရှိနေသလဲဆိုတဲ့အချက်တွေရှိနေပါ တယ်။ တစ်ဖက်မှာလည်း ဒီခရီးစဉ်အပေါ် ထောက်ခံ သူတွေရှိသလို ကန့်ကွက်ဝေဖန်သူတွေလည်းရှိခဲ့ကြ တာကြောင့် ကစားသမားတချို့ မလာရောက်နိုင်တော့ တဲ့အခြေအနေတွေရှိခဲ့ပါတယ်။ ဒါကြောင့် ဒီခရီးစဉ် ကို ပွဲတစ်ခုအဖြစ်သာမက စီးပွားရေး၊ လူမှုရေးနဲ့ နိုင်ငံရေးရှုထောင့်တွေကနေပါ ပြန်လည်ဆန်းစစ်ဖို့လို အပ်သလို အမှန်တကယ် ဘယ်သူတွေ အကျိုးအမြတ် ရရှိခဲ့သလဲ။ မြန်မာ့ဘောလုံးလောကအတွက် ဘာတွေကျန်ခဲ့သလဲ။ ဒီခရီးစဉ်ကို အောင်မြင်တဲ့ ခရီးစဉ် တစ်ခုလို့သတ်မှတ်နိုင်ပါသလားဆိုတဲ့အချက်တွေကို NP News ကနေ သုံးသပ်ဆွေးနွေးသွားချင်ပါတယ်။
ပွဲစီစဉ်သူတွေနဲ့ ပရိသတ်တွေအတွက် ကျေနပ်စရာဖြစ်ခဲ့တဲ့ မန်ယူဂန္ထဝင်တွေရဲ့ လာရောက်မှု
ရန်ကုန်မြို့မှာကျင်းပခဲ့တဲ့ Legendary Players Meet & Greet in Yangon အစီအစဉ်ကို စီစဉ်ခဲ့တဲ့ The Garden Agency ဟာ အောက်တိုဘာလ (၃၀)ရက်ကနေ နိုဝင်ဘာလ (၁)ရက်အထိ (၃)ရက်တာကာလအတွင်း အောက်တိုဘာလ (၃၀) ရက်က Melia Hotel မှာ ဂုဏ်ပြုညစာစားပွဲ၊ မြန်မာဘောလုံးအဖွဲ့ချုပ် (MFF)နဲ့တွေ့ဆုံခဲ့ပြီး ဘောလုံး အတွေ့ အကြုံတွေမျှဝေတာတွေနဲ့ အမှတ်တရအင်္ကျီတွေ လက်မှတ်ရေးထိုးတာတွေကို လုပ်ဆောင်ခဲ့ပါတယ်။ အောက်တိုဘာလ (၃၁)ရက်မှာတော့ မြန်မာလူငယ် ဘောလုံးသမားလေးတွေနဲ့တွေ့ဆုံခဲ့ပြီး ဘောလုံးအမြင်တွေကို ကိုယ်တိုင်ကိုယ်ကျ သင်ပြပြောဆိုတာတွေ လုပ်ဆောင်ခဲ့ပြီး ရန်ကုန်အမျိုးသားဘောလုံး အကယ်ဒမီကိုသွားရောက်တာတွေ၊ မြန်မာ လူငယ်ကစားသ မားတွေနဲ့နည်းပြတွေကိုတွေ့ဆုံပြီး အမှတ်တရဓာတ် ပုံရိုက်တာတွေနဲ့ လက်မှတ်ရေးထိုးတာတွေကို လုပ် ဆောင်ခဲ့ကြပါတယ်။ ဒါ့ပြင် ကစားသမားဟောင်းတွေနဲ့ တိုက်ရိုက် Podcast အစီအစဉ်၊ ဘောလုံးအတွေ့အ ကြုံတွေနဲ့အမှတ်တရတွေကို ဆွေးနွေးတာတွေနဲ့ ပရိသတ်နဲ့ မီဒီယာအင်တာဗျူးတွေကိုလည်း လုပ်ဆောင် ခဲ့ကြပါတယ်။ ထူးခြားချက်အနေနဲ့ မန်ယူအသင်းနဲ့ ချဲလ်ဆီးအသင်းတို့ရဲ့ပွဲစဉ်ကို ကစားသမားဟောင်း တွေဖြစ်ကြတဲ့ အီဗရာ၊ အန်ဒါဆန်၊ ဗလင်စီယာနဲ့ ဖာဘီယိုဒါဆေးဗားတို့နဲ့အတူ ကြည့်ရှုနိုင်မည့် Watch Party တစ်ခုကိုစီစဉ်ခဲ့ပြီး အဲဒီညမှာ မြန်မာဘောလုံး ပရိသတ်တွေနဲ့အတူ ပျော်ပျော်ပါးပါးကြည်ရှုခဲ့ကြတဲ့ မန်ယူဂန္ထဝင်တွေရဲ့ပုံရိပ်တွေကလည်း တကယ်ကို ကျေနပ်စရာအမှတ်တရတွေဖြစ်ခဲ့တာကို တွေ့ရပါတယ်။ နိုဝင်ဘာလ(၁)ရက် နေ့လယ်ပိုင်းမှာတော့ မန် ယူဂန္ထဝင်ကစား သမားကြီးတွေက မြန်မာနိုင်ငံရဲ့ အထွတ်အမြတ်ထားရာ ရွှေတိဂုံစေတီတော်မြတ်ကြီးကို သရုပ်ဆောင် အကယ်ဒမီ ထွန်းထွန်းနဲ့အတူ သွားရောက်ဖူးမြော်ခဲ့ပြီး ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ အေးချမ်းတည်ငြိမ်မှုတွေနဲ့ ဘုရားပေါ်ကို ရောက်တဲ့အချိန်မှာ စိတ်အေးချမ်းရမှုတွေကိုလည်း ချီးကျူးဂုဏ် ပြုခဲ့ကြပြီး ဘုရားပေါ်မှာလည်း မြန်မာပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြပါတယ်။ အဲဒီနောက် ညနေ(၄)နာရီလောက်မှာတော့ ပရိသတ်တွေနဲ့ အဓိကနောက်ဆုံး တွေ့ဆုံတဲ့ပွဲတစ်ပွဲဖြစ်တဲ့ Yangon Convention Centre(YCC) မှာ အဓိက Meet & Greet ပွဲလုပ်ဆောင်ခဲ့ပြီး ပရိသတ် တွေကို ရင်းနှီးစွာ နှုတ်ဆက်ခဲ့ကြပြီး မြန်မာပရိသတ်တွေကို မြန်မာဘာ သာစကားနဲ့ ‘အရမ်းချစ်တယ်’လို့နှုတ်ဆက်ကာ အမှတ်တရပစ္စည်းတွေနဲ့ မန်ယူအသင်းရဲ့ဂျာစီအပေါ်မှာ ၎င်းတို့ရဲ့လက်မှတ်ရေးထိုးပြီး ပရိသတ်တွေဆီကို လက်ဆောင် အနေနဲ့ပေးခဲ့ကြပါတယ်။ ဒါ့ပြင် မြန်မာပရိသတ်တွေရဲ့ မန်ယူအသင်းအပေါ်သစ္စာရှိမှုတွေကို ချီးကျူးခဲ့ကြသလို မန်ယူ အသင်းရှုံးနိမ့်နေချိန်မှာတောင် အားပေးနေကြသေးတဲ့ မန်ယူပရိသတ်တွေရဲ့ သစ္စာစစ်မှန်မှုကိုလည်း အထူးဂုဏ်ပြု သွားခဲ့ကြတဲ့အပြင် မြန်မာနိုင်ငံကို နောက်ထပ်တစ်ကြိမ်လာရောက်ဖို့ လည်းကတိပြုခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ မြန်မာအနုပညာရှင်တွေ အဆိုတော်တွေရဲ့ ဂီတဖျော် ဖြေမှုတွေနဲ့ ပွဲကိုအဆုံးသတ်ခဲ့ကြပါတယ်။ ဒါကြောင့် မန်ယူ အသင်းရဲ့ ဂန္ထဝင်ကစားသမားဟောင်းတွေရဲ့ လာရောက်မှုက ပွဲစီစဉ်သူတွေဖြစ်တဲ့ The Garden Agency အတွက် အပေါင်းလက္ခဏာဆောင်တဲ့ ရလဒ်တစ်ခုကိုလုပ်ဆောင်နိုင်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပြီး ဒီခရီးစဉ်ဟာ ပရိသတ်တွေနဲ့ တွေ့ဆုံတဲ့ပွဲတစ်ခု တည်းမဟုတ်ဘဲ ညစာစားပွဲ၊ မီဒီယာအစီအစဉ်၊ လူ ငယ်ဘောလုံးသမားတွေနဲ့တွေ့ဆုံမှု၊ အားကစား၊ ဖျော် ဖြေရေးတို့ကိုပေါင်းစပ်ထားတဲ့အစီအစဉ်တစ်ခု ဖြစ်ခဲ့ပါတယ်။
စီးပွားရေးအရ အမြတ်အစွန်းရခဲ့လား
မန်ယူဂန္ထဝင်ကစားသမားဟောင်းတွေရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ ပွဲစီစဉ်သူတွေအတွက် စီးပွား ရေးအရအောင် မြင်ခဲ့သလားဆိုတဲ့မေးခွန်းကတော့ လက်ရှိအချိန်မှာ အတည်ပြုရခက်ခဲပေမယ့် ဖြစ်နိုင် ခြေရှိတဲ့ အမြင်(၄)ချက်နဲ့ သုံးသပ်ချင်ပါတယ်။ ပထမဆုံးအချက်အနေနဲ့ကတော့ လက်မှတ်ရောင်းချမှုက နေဝင်ငွေအမြောက် အမြားရရှိ သလားဆိုတဲ့ အချက်ဖြစ်ပြီး လက်မှတ်တွေကို အမျိုးအစားအလိုက် ဈေးနှုန်းသတ်မှတ်ထားတာကြောင့် ပရိသတ် အများအပြား ဝယ်ယူခဲ့မယ်ဆိုရင် ဝင်ငွေကောင်းရနိုင်ပါတယ်။ ဒါပေမဲ့ လက်မှတ်ဘယ်နှစောင် ရောင်းချခဲ့သလဲဆိုတဲ့ စာရင်းအတိအကျကို သက်ဆိုင်တဲ့အဖွဲ့အစည်းတွေ က တိတိကျကျထုတ်ပြန် ပြောဆိုတာမျိုးမရှိတာကို တွေ့ရပါတယ်။ နောက်တစ်ချက်ကတော့ မန်ယူအသင်းရဲ့ ဂန္ထဝင်ကစားသမားတွေကို ခေါ်ယူစရိတ်ဖြစ်ပြီး မန်ယူဂန္ထဝင်ကစား သမားတွေကို မြန်မာနိုင်ငံအထိ ခေါ်ယူဖို့ လေယာဉ်ခ၊ ဟိုတယ်ခ၊ ဧည့်ခံစရိတ်နဲ့က စားသမားတစ်ဦးချင်း စီရဲ့ပွဲတက် ကြေးတွေ ကုန်ကျနိုင်ပါတယ်။ အဲဒီကုန်ကျစရိတ်တွေကလည်း အမြတ်အစွန်းအပေါ် သက်ရောက်မှုရှိပါတယ်။ နောက်ထပ်တစ်ချက်ကတော့ ကစားသမားစာရင်း အပြောင်းအလဲရှိခဲ့ပြီး Ryan Giggs နဲ့ Dimitar Berbatov တို့ မလာရောက်နိုင်ခဲ့တာက လက်မှတ် ဝယ်ယူထားသူတွေရဲ့မျှော်လင့်ချက်နဲ့ ပွဲရဲ့စီးပွားရေး တန်ဖိုးအပေါ် သက်ရောက် မှုရှိနိုင်ပါတယ်။ နောက်ဆုံး အချက်ကတော့ ပွဲစီစဉ်သူတွေဘက်က စုစုပေါင်း ဝင်ငွေ၊ စုစုပေါင်းကုန်ကျစရိတ်၊ အသားတင်အမြတ်ငွေတို့ကို အတည်ပြုနိုင်တဲ့စာရင်းအတိအကျကို ထုတ်ပြန်ခြင်းမရှိတဲ့အချက်ဖြစ်ပါတယ်။ အားလုံးကို ခြုံငုံပြီးသုံးသပ်ရရင် မန်ယူအသင်းရဲ့ ဂန္ထဝင်ကစား သမားဟောင်းတွေ မြန်မာနိုင်ငံကိုလာရောက်နိုင်အောင် စီစဉ်ခဲ့ တာကပဲ ပွဲစီစဉ်သူတွေနဲ့ပရိသတ်တွေအတွက် အကျိုးကျေးဇူးများခဲ့တယ်လို့ဆိုနိုင်ပါတယ်။
ရွိုင်ယန်ဂစ်နဲ့ ဘာဘာတော့ဗ်တို့ မလာတော့တာက ဘယ်လိုထိခိုက်မှုတွေရှိနိုင်လဲ
မြန်မာနိုင်ငံကိုလာရောက်ဖို့ မူလက စီစဉ်ထားတဲ့ ကစားသမားတွေထဲမှာ ရွိုင်ရယ်ဂစ်နဲ့ ဘာဘာ တော့ဗ်တို့ပါဝင် လာခဲ့ပေမယ့်လည်း တကယ်တမ်း မြန်မာနိုင်ငံလာရောက်ခဲ့ချိန်မှာတော့ အဲဒီကစားသမားနှစ် ဦးအစား ဗလင်စီယာနဲ့ဖာ ဘီယိုဒါဆေးဗားတို့သာ လာရောက်ခဲ့ပါတယ်။ ဒီအချက်က သာမန်ပဲလို့ထင်ရပေ မယ့်လည်း မန်ယူဂန္ထဝင်ကစား သမားကြီးတွေ မြန်မာနိုင်ငံကိုလာရောက်မယ်လို့ သတင်းတွေထွက်ပေါ်နေ ကတည်းက ကန့်ကွက်နေကြတဲ့ ပြည်ပြေး အုပ်စုတွေနဲ့ အခြားသော သွေးထိုးလှုံ့ဆော်မှုတွေသာမရှိခဲ့ရင် ရွိုင်ရယ်ဂစ်နဲ့ ဘာဘာတော့ဗ်တို့လို့ တကယ့်ဂန္ထဝင်က စားသမားကြီးတွေရဲ့ပုံရိပ်တွေကို မြင်တွေ့ရဖို့ရှိနေမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ရွိုင်ယန်ဂစ်ဟာ မန် ယူအသင်းရဲ့ အောင်မြင်မှုသမိုင်းမှာ ထင်ရှားတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ဘာဘာတော့ဗ်ကလည်း မန်ယူပရိသတ်အများ အပြားမှတ်မိကြတဲ့ တိုက်စစ်မှူး တစ်ဦးဖြစ်ပါတယ်။ ဒီလို နာမည်ကြီးကစားသမားတွေ ကိုတွေ့ရမယ်လို့မျှော်လင့် ထားတဲ့ ပရိသတ်တွေအတွက် လူစာရင်းပြောင်းလဲသွားတာဟာ စိတ်ပျက် စရာဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဗလင်စီယာဟာ မန်ယူ အသင်းရဲ့ အသင်းခေါင်းဆောင်ဟောင်းတစ်ဦးဖြစ် ခဲ့သလို ဖာဘီယိုလည်း အသင်းအတွက် ကစားခဲ့ဖူးသူ ဖြစ်တာကြောင့် ပရိသတ်တွေအတွက် သူတို့နဲ့တွေ့ ဆုံရခြင်းကလည်း သီးခြားတန်ဖိုးရှိနိုင်ခဲ့တယ်လို့ ဆို ရမှာဖြစ်ပါ တယ်။ ဒါကြောင့် ကစားသမားအပြောင်းအ လဲတွေဖြစ်ခဲ့တာဟာ နိုင်ငံရေးဖိအားကြောင့်လို့ မသတ်မှတ်နိုင်ပေ မယ့်လည်း ကိုယ့်နိုင်ငံကိုလာ ရောက်မယ့် တကယ့်ကစားသမားကြီးတွေရဲ့ စိတ်ကိုတော့ အနည်းငယ်ပြောင်း လဲသွားစေခဲ့တာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ရွိုင်ယန်ဂစ်နဲ့ ဘာ ဘာတော့ဗ်တို့မလာခဲ့တာက ထိခိုက်မှုတစ်စုံ တစ်ရာမရှိခဲ့တာကိုမြင်တွေ့ရမှာဖြစ်ပြီး ပရိသတ်တွေဆီကလည်း မကျေနပ်တဲ့ပြောဆိုမှုမရှိခဲ့တာကြောင့် ဒီခရီးစဉ်က ထင်ထားတာထက် ပိုပြီးအောင်မြင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
မြန်မာ့ဘောလုံးလောကအတွက် အကျိုးရှိခဲ့သလား
ဒီနေရာမှာ အရေးကြီးဆုံးမေးခွန်းတစ်ခုရှိပါတယ်။ ကမ္ဘာ့အဆင့် ဘောလုံးအသင်းတစ်သင်းဖြစ်တဲ့ မန်ယူ အသင်းရဲ့ ဂန္ထဝင်ကစားသမားတွေ မြန်မာနိုင်ငံကိုလာရောက်ခဲ့တာဟာ ဖြေရေးပွဲတစ်ခုထက် ပိုခဲ့ပြီး မန်ယူကစားသမား ဟောင်းတွေရဲ့အတွေ့ အကြုံတွေကို မြန်မာလူငယ်ကစားသမားတွေ၊ နည်းပြတွေနဲ့ အတူတကွမျှဝေပေးခဲ့တာတွေ၊ လေ့ကျင့် ရေးအစီအစဉ်တွေမှာ မြန်မာလူငယ်လေးတွေနဲ့အတူ ဘောလုံကစားကွက်တွေကို ကိုယ်တိုင်ကိုယ်ကျ ပြသ ခဲ့တာတွေ၊ မြန်မာနိုင်ငံရဲ့ အထွတ်အမြတ်ထားရာ ရွှေတိဂုံစေတီတော်ကြီးကို ကစားသမားကြီးတွေက ပုဆိုး ဝတ်ပြီးသွားရောက်ဖူးမြော်ခဲ့ကာ ဘုရားရေသပ္ပာယ် တာတွေကိုပါလုပ်ဆောင်ခဲ့တာကို မြင်တွေ့ရမှာဖြစ်ပါ တယ်။ ဒါ့ပြင် ပရိသတ်တွေနဲ့ အပြန်အလှန်မိတ်ဆက် တာတွေ၊ မန်ယူအသင်းရဲ့ပွဲစဉ်ကို အတူတကွအားပေး ခဲ့တာတွေနဲ့ မြန်မာ ပြည်သူတွေရဲ့ဖော်ရွေမှု၊ ရိုးသားပွင့်လင်းပြီး ကြင်နာတတ်မှုတွေကိုပါ ကစားသမား ကြီးတွေကိုယ်တိုင် မြင်တွေ့ခဲ့ရပြီပဲ ဖြစ်ပါတယ်။ ဒီအချက်တွေအပြင် မြန်မာနိုင်ငံကိုလာရောက်ဖို့တွန့်ဆုတ် ခဲ့ကြတဲ့ မန်ယူဂန္ထဝင်ကစားသမားကြီးတွေ ဖြစ်တဲ့ ရွိုင် ရယ်ဂစ်နဲ့ဘာဘာတော့ဗ်တို့အပြင် အခြားသောကစား သမားကြီးတွေနဲ့ နိုင်ငံတကာဘောလုံးအသိုင်းအဝိုင်း ကိုပါ မြန်မာနိုင်ငံရဲ့ တည်ငြိမ်သော နိုင်ငံရေးအခြေအနေတစ်ခု ပြန်လည်ရောက်ရှိနေပြီဆိုတာကို မီးမောင်း ထိုးပြလိုက် သလိုဖြစ်စေခဲ့ပါတယ်။ ဒါကြောင့် မန်ယူ အသင်းရဲ့ ဂန္ထဝင်ကစားသမားတွေ မြန်မာနိုင်ငံကိုလာ ရောက်ခဲ့တာက ပရိသတ်တွေနဲ့ တွေ့ဆုံခွင့်ရခဲ့တာနဲ့ ပွဲစီစဉ်သူတွေရဲ့ လုပ်ငန်းပိုင်းဆိုင်ရာ အောင်မြင်တစ် ခုဖြစ်ခဲ့ပြီး တကယ်လည်း မြန်မာနိုင်ငံအတွက် အကျိုးကျေးဇူးများခဲ့ပြီး ရလဒ်ကောင်းတွေရှိခဲ့တဲ့အစီအစဉ် တစ်ခုဖြစ်ခဲ့တယ်လို့ပဲဆိုချင်ပါတယ်။
