NP News

မော်လမြိုင်တွင် အိုးဝေယာဥ်မှ ရပ်ထားသည့်တွဲကားကို ဝင်တိုက်မိရာ အမျိုးသား(၂)ဦး သေဆုံး

ထိုက်စံ (NP News) - နိုဝင်ဘာ ၈

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် အိုးဝေယာဥ်မှ ရပ်ထားသည့်တွဲကားကို ဝင်တိုက်မိရာ အမျိုးသား(၂)ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဥ်မှာ ယမန်နေ့ (နိုဝင်ဘာ ၇ ရက်)၊ ည(၈)နာရီခန့်က မော်လမြိုင်မြို့နယ်၊ ကြာအင်းကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မော်လမြိုင်မှ မုဒုံသို့မောင်းနှင်လာသော အိုးဝေယာဉ်သည် လမ်းဘေးတွင်ရပ်ထားသော တွဲကားယာဉ်အား အနောက်မှ တိုက်မိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ထိုသို့ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မော်လမြိုင်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ မော်လမြိုင်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ လူမှုကူညီရေးအသင်းများမှ သူနာတင်ယာဉ်(၃)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဖွဲ့များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် အိုးဝေယာဉ်ပေါ်ပါ အမျိုးသား(၄)ဦးအနက် အမျိုးသား(၂)ဦး သေဆုံးခဲ့ပြီး၊ အမျိုးသား(၁)ဦးမှာ စိုးရိမ်ရသည့်ထိခိုက်ဒဏ်ရာများရရှိခဲ့ကာ ကျန်အမျိုးသား (၁)ဦး ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
လက်ရှိတွင် ရာမညလူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်ဖြင့် မော်လမြိုင်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — NP News