Eleven Media Group

အစ္စရေးသမ္မတက ယာရှာပါတီခေါင်းဆောင် အိုင်ဆန်ကော့ကို အစိုးရသစ်ဖွဲ့စည်းရန် တာဝန်ပေးအပ်သွားမည်ဟု ကြေညာ

အစ္စရေးသမ္မတ အိုက်ဆက် ဟာဇော့ဂ်က ယာရှာပါတီခေါင်းဆောင် ဂါဒီ အိုင်ဆန်ကော့ကို အစိုးရသစ်ဖွဲ့စည်းရန် တာဝန်ပေးအပ်သွားမည်ဟု နိုဝင်ဘာ ၇ ရက်က ကြေညာခဲ့သည်။

ပြီးခဲ့သည့်သီတင်းပတ်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မည်သည့်ပါတီကမျှ အစိုးရဖွဲ့နိုင်ရန် မဲအလုံအလောက်ရရှိခဲ့ခြင်းမရှိခဲ့ဘဲ လက်ရှိတွင် အစ္စရေးသမ္မတက အိုင်ဆန်ကော့ကို အစိုးရသစ်ဖွဲ့ရန် တာဝန်ပေးမည်ဟု ကြေညာခဲ့ခြင်းဖြစ်သည်။

ယင်းသည် အစ္စရေးနိုင်ငံ၏ သက်တမ်းအရှည်ကြာဆုံးဝန်ကြီးချုပ်ဖြစ်သည့် ဘင်ဂျမင် နေတန်ယာဟကို ဖယ်ရှားရန် ပထမဆုံးခြေလှမ်းတစ်ရပ်အဖြစ် နေတန်ယာဟု၏ ပြိုင်ဘက်များက ရှုမြင်နေကြသည်။

စစ်ဦးစီးချုပ်ဟောင်းဖြစ်သည့် အိုင်ဆန်ကော့ ဦးဆောင်သော အတိုက်အခံအုပ်စုသည် တစ်ချိန်က မဖြစ်နိုင်ဟု ထင်မှတ်ခဲ့ရသော ရှေးရိုးစွဲဝါဒကို အတင်းကြပ်ဆုံး လိုက်နာစောင့်ထိန်းသော ဂျူးလူမျိုးများနှင့် မဟာမိတ်ပြုရေးကို လမ်းဖွင့််ပေးခဲ့ပြီး ယင်းက ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းနိုင်သည်အထိ အမတ်နေရာအင်အားကို ရရှိစေမည်ဖြစ်သည်။

တရားဝင် ခန့်အပ်လွှာပေးအပ်သည့် အခမ်းအနားကို နိုဝင်ဘာ ၈ ရက်တွင် ဂျေရုဆလင်မြို့ရှိ သမ္မတ၏ နေအိမ်တွင် တရားဝင် ကျင်းပသွားမည်ဖြစ်ကြောင်း ဟာဇော့ဂ်၏ ရုံးခန်းက ပြောကြားခဲ့သည်။

Ref:AFP

မူရင်းသတင်း — Eleven Media Group