Myanmar National Post

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်အထိမ်းအမှတ် ပြသထားသည့် သမိုင်းဝင်ပြခန်းနှင့် ပြကွက်များအား ရဟန်းရှင်လူပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ လာရောက်လေ့လာဖူးမြော်











ရန်ကုန်၊ နိုဝင်ဘာ ၈

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်အထိမ်းအမှတ်အဖြစ် ဗုဒ္ဓသာသနာတော်ဆိုင်ရာ သမိုင်းဝင်အမွေအနှစ်များကို ပြသထားသည့် ပြကွက်နှင့် ပြခန်းများအား ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏလိုဏ်ဂူတော်ကြီး၌ ရဟန်းရှင်လူပြည်သူများ၊ မျိုးဆက်သစ်လူငယ်များနှင့် ကျောင်းသား၊ ကျောင်းသူများ လာရောက်လေ့လာ ဖူးမြော်ကြသည်။

ထိုသို့ လာရောက်လေ့လာဖူးမြော်ရာတွင် ကမာရွတ်မြို့နယ် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူ (၃၀၀) ဦးပါဝင်ပြီး ဗုဒ္ဓသာသနာတော်ဆိုင်ရာ သမိုင်းဝင်အမွေအနှစ်များ၊ ဆဋ္ဌသင်္ဂါယနာတင်ပွဲ၏ သမိုင်းကြောင်းနှင့် ဆက်စပ်သည့် ပြခန်း၊ ပြကွက်များကို စိတ်ဝင်တစား လေ့လာဖူးမြော်ကြသည်။

အဆိုပါ ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်အထိမ်းအမှတ် သမိုင်းဝင်ပြခန်းနှင့် ပြကွက်များကို အများပြည်သူများ လာရောက်လေ့လာ ဖူးမြော်နိုင်ရန်အတွက် အပတ်စဉ် စနေနှင့် တနင်္ဂနွေနေ့များတွင် ဆက်လက်ဖွင့်လှစ် ပြသသွားမည်ဖြစ်သည်။


#News #Myanmar



မူရင်းသတင်း — Myanmar National Post