NP News

TNLA တို့ထိန်းချုပ်ခဲ့သော နမ့်ခမ်းမြို့နယ်အား MNDAA က အထူးဒေသ(၁)အတွင်း ထည့်သွင်းကာ ဟောပြောပွဲများ လုပ်လာ

သန့်ဇင် (NP News) - နိုဝင်ဘာ ၉

TNLA တို့ထိန်းချုပ်ခဲ့သော ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ့်ခမ်းမြို့နယ်အား MNDAA က အထူးဒေသ(၁)အတွင်း ထည့်သွင်းကာ ပြီးခဲ့သည့် နိုဝင်ဘာလ (၇) ရက်က လုံခြုံရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း ဒေသတွင်း မီဒီယာများ၏ ဖော်ပြချက် သိရသည်။

အဆိုပါဟောပြောပွဲတွင် MNTJP အတွင်းရေးမှူး အဆင့်ရှိသူ Mr. Shi Cheng Liang က ဆက်သွယ်ရေးနှင့် အွန်လိုင်းလိမ်လည်မှုများ ကာကွယ်ရေးနှင့်တရားမဝင် ဘိန်းစိုက်ပျိုးမှုပပျောက်ရေးစသည့်လုပ်ငန်းစဉ်များကို အဓိကထား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် တရားမဝင် ဘိန်းစိုက်ပျိုးခြင်းနှင့် သက်ဆိုင်သည့် ဥပဒေစည်းမျဉ်းများ၊ တားမြစ်ချက်များနှင့် ပြစ်ဒဏ်ပေး မည့်စံနှုန်းများကို စနစ်တကျ ရှင်းလင်းဟောပြောခဲ့ပြီး တရားမဝင် မူးယစ်ဆေးဝါးစိုက်ပျိုးခြင်း၏ ဆိုးရွားသော ဆိုးကျိုးများကို ပြောကြားခဲ့ကြောင်း သိရသည်။

ဒေသခံများအနေဖြင့် ဖြစ်ကတတ်ဆန်းသဘောထားများကို စွန့်လွှတ်ကာ ဥပဒေစည်းမျဉ်းများကို တင်းကြပ်စွာ လိုက်နာရန်၊ တရားမဝင်သောလုပ်ရပ်များကို ကိုယ်တိုင်ရှောင်ကြဉ်ရန်လည်း ပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် ဒေသခံများအနေဖြင့် မိမိနှင့် မိသားစု၏ ပိုင်ဆိုင်မှုလုံခြုံရေးကို စောင့်ရှောက်ရန်နှင့် ဥပဒေဘောင်အတွင်းမှ နေထိုင်ကာ ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ပူးပေါင်းထိန်းသိမ်းကြရန်လည်းပြောကြားခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — NP News