NP News

​ထိုင်းရှိ နိုင်ငံခြားသားအလုပ်သမားများထဲတွင် မြန်မာနိုင်ငံသား အများဆုံးလုပ်ကိုင်နေ

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၉

ထိုင်းနိုင်ငံ၏ နိုင်ငံခြားသားအလုပ်သမား (၄.၂) သန်းကျော်အနက် (၁၀) ဦးတွင် (၈) ဦးနီးပါးသည် မြန်မာနိုင်ငံမှ လာရောက်ကြသူများဖြစ်ပြီး၊ ထိုင်းစီးပွားရေးသည် အိမ်နီးချင်းနိုင်ငံများမှ ရွှေ့ပြောင်းအလုပ်သမားများကို မည်မျှအထိ မှီခိုအားထားနေရကြောင်း သိရသည်။

အလုပ်သမားဝန်ကြီးဌာန၊ အလုပ်အကိုင်ဌာန၏ နောက်ဆုံးစာရင်းဇယားများအရ စက်တင်ဘာလအထိ တရားဝင် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) ရှိသူ စုစုပေါင်း ၄,၂၂၅,၅၀၃ ဦး ရှိကြောင်း သိရသည်။
၎င်းတို့အနက် မြန်မာနိုင်ငံသား စုစုပေါင်း ၃.၃၃ သန်း ရှိပြီး၊ လာအိုနိုင်ငံသား ၃၆၄,၇၈၅ ဦး၊ ကမ္ဘောဒီးယားနိုင်ငံသား ၂၇၉,၈၅ ဦး နှင့် ဗီယက်နမ်နိုင်ငံသား ၁၁,၂၄၆ ဦးတို့ အသီးသီးရှိနေကြောင်း သိရသည်။

အဆိုပါကိန်းဂဏန်းများအရ ထိုင်းနိုင်ငံသည် လုပ်သားရှားပါးမှုပြဿနာများကို တရားဝင် စုဆောင်းခန့်အပ်မှုစနစ်ထက် ad hoc ခေါ် ယာယီ/အထူးခွင့်ပြုချက်များဖြင့်သာ အများဆုံး ဖြေရှင်းနေကြောင်း သိရသည်။ နိုင်ငံခြားသားအလုပ်သမား ၃.၃၄ သန်းခန့် (သို့) ၇၉ ရာခိုင်နှုန်းမှာ နိုင်ငံအတွင်း တရားဝင်အလုပ်လုပ်ခွင့်ဖြင့်လုပ်နေသည်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၁၁)ရက်က ဆုံးဖြတ်ချက်အရ လျှောက်ထားသူအသစ် ၇၃၂,၂၃၁ ဦးကို ထပ်မံခွင့်ပြုခဲ့ပြီး၊ မတ်လ(၃၁)ရက်တွင် သက်တမ်းကုန်ဆုံးမည့် အလုပ်သမား ၆၈၅,၆၄ ဦး၏ လက်မှတ်များကိုလည်း ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂)ရက်နေ့ ဆုံးဖြတ်ချက်အရ သက်တမ်းတိုးပေးခဲ့ကြောင်း သိရသည်။

​နိုင်ငံခြားသား အလုပ်သမားအများစုသည်အလုပ်ကြမ်းများတွင် လုပ်ကိုင်ကြပြီးအလုပ်သမားလက်မှတ် ကိုင်ဆောင်ထားသူ (၁၀) ဦးတွင် (၉) ဦးခန့်သည် အလုပ်သမား (Labourers) အဖြစ် သတ်မှတ်ခံထားရပြီး၊ အိမ်အကူများနှင့် ဆောက်လုပ်ရေး အလုပ်သမားများက နောက်မှ လိုက်ပါလာကြသည်။
ကုန်ထုတ်လုပ်ရေးကဏ္ဍတွင် နိုင်ငံခြားသား အလုပ်သမား (၁.၂) သန်းနီးပါးဖြင့် အများဆုံး လုပ်ကိုင်လျက်ရှိပြီး၊ ဆောက်လုပ်ရေးကဏ္ဍတွင် ၈၁၇,၀၀၀ ခန့်၊ လက်ကားနှင့် လက်လီရောင်းဝယ်ရေးတွင် ၅၂၀,၀၀၀ ခန့်၊ နှင့် စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းကဏ္ဍတွင် ၄၈၈,၀၀၀ ခန့်ဖြင့် အသီးသီး ပါဝင်လုပ်ကိုင်နေကြောင်း သိရသည်။

ကျွမ်းကျင်ပညာရှင်များသည်အလွန်နည်းပါးသော ရာခိုင်နှုန်းသာ ရှိပြီးနိုင်ငံခြားသား (၈၁,၆၀၀) ခန့်သာ အထွေထွေအလုပ်လုပ်ကိုင်ခွင့်လက်မှတ် ကိုင်ဆောင်ထားကြပြီး၊ ၎င်းတို့အထဲတွင် မူလတန်းကျောင်းဆရာ/ဆရာမ ၅,၇၁၃ ဦးဖြင့် တစ်ခုတည်းသော အကြီးဆုံးအုပ်စုအဖြစ် ပါဝင်နေပါသည်။
အခြားသော နိုင်ငံခြားသား ၇၉,၅၁၈ ဦးမှာမူ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးနှင့်သက်ဆိုင်ရာဥပဒေများအောက်တွင် လုပ်ကိုင်နေကြပြီး၊ အများစုမှာ မန်နေဂျာများနှင့် အင်ဂျင်နီယာနည်းပညာရှင်များဖြစ်ကြသည်။

မူရင်းသတင်း — NP News