
ဘန်ကောက်၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)
ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ သက်ရောက်မှုများ၊ ရေနှင့် လျှပ်စစ်စွမ်းအင် အသုံးပြုမှု၊ ဇုန်သတ်မှတ်ခြင်းတို့နှင့် ပတ်သက်သည့် အနိမ့်ဆုံး စံသတ်မှတ်ချက်များ ပါဝင်ပြီး၊ ခွင့်ပြုချက်ရယူခြင်း လုပ်ငန်းစဉ်များကို အရှိန်မြှင့်တင်ပေးမည့် "ဝန်ဆောင်မှုအားလုံးကို နေရာတစ်ခုတည်းတွင် ရရှိနိုင်သော စနစ်" ကိုလည်း ဖန်တီးထားသည့် ဒေတာစင်တာများကို စီမံခန့်ခွဲထိန်းကျောင်းမည့် မူဝါဒ မူဘောင်တစ်ခုကို ထိုင်းအစိုးရအဖွဲ့က နိုဝင်ဘာ ၁၀ ရက်တွင် အတည်ပြုလိုက်ကြောင်း သိရသည်။
ဒေတာစင်တာများသည် ဒစ်ဂျစ်တယ်စီးပွားရေးနှင့် ဉာဏ်ရည်တု (AI) နည်းပညာအတွက် အဓိက အခြေခံအဆောက်အအုံများ ဖြစ်သော်လည်း ၎င်းတို့သည် လျှပ်စစ်ဓာတ်အားနှင့် ရေကို အများအပြား အသုံးပြုကြပြီး အနီးဝန်းကျင်ရှိ လူမှုအသိုင်းအဝိုင်းများအပေါ် သက်ရောက်မှုများ ရှိလာနိုင်ကြောင်း ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး Ekniti Nitithanprapas က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ဤလုပ်ငန်းကဏ္ဍသည် စီးပွားရေးပုံစံသစ်တစ်ခု ဖြစ်နေခြင်းနှင့် ခွင့်ပြုချက်ရယူရာတွင် အစိုးရဌာနဆိုင်ရာ အေဂျင်စီများစွာ ပါဝင်ပတ်သက်နေရခြင်းတို့ကြောင့် ယခုအချိန်အထိ ရှင်းလင်းပြတ်သားသော စည်းမျဉ်းစည်းကမ်းများ မရှိသေးကြောင်း Ekniti က ဆိုသည်။
လက်ရှိတွင် တရားဝင်လည်ပတ်နေပြီးသော ဒေတာစင်တာများအနေဖြင့် ဆက်လက်လည်ပတ်နိုင်မည်ဖြစ်သလို အထူးသဖြင့် ပတ်ဝန်းကျင်ဆိုင်ရာ စံသတ်မှတ်ချက်အသစ်များနှင့် ကိုက်ညီမှုရှိရေး ပြင်ဆင်ဆောင်ရွက်ရန် အချိန်ကာလတစ်ခု ပေးအပ်သွားမည်ဖြစ်သည်။ ခွင့်ပြုချက်ရယူရန် စောင့်ဆိုင်းနေဆဲဖြစ်သော စီမံကိန်းများအနေဖြင့်မူ လုပ်ငန်းမစတင်မီ စံသတ်မှတ်ချက်အသစ်များနှင့် ကိုက်ညီမှုရှိရမည် ဖြစ်သည်။
ဝန်ဆောင်မှုအားလုံးကို နေရာတစ်ခုတည်းတွင်ရရှိနိုင်သော စနစ်သည် စီမံကိန်းများကို ဘက်စုံခြုံငုံ၍ ပြန်လည်သုံးသပ်ပေးမည်ဖြစ်ပြီး ခွင့်ပြုချက်များ ထုတ်ပေးမည့် အေဂျင်စီများ လိုက်နာရမည့် စည်းမျဉ်းများကို သတ်မှတ်ပေးမည်ဖြစ်သည်။ လုပ်ငန်းလည်ပတ်ခွင့် ရရှိရန်အတွက် လုပ်ငန်းရှင်များအနေဖြင့် သတ်မှတ်ထားသော အနိမ့်ဆုံးစံချိန်စံညွှန်းများနှင့်ကိုက်ညီရမည့်အပြင် ထိုင်းနိုင်ငံအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ ကျွမ်းကျင်မှုဆိုင်ရာသင်တန်းများ ပို့ချပေးခြင်းနှင့် ဒေသတွင်းစီးပွားရေးလုပ်ငန်းများအတွက် တန်ဖိုးတိုးတက်မှုများဖန်တီးပေးခြင်းတို့ကို ဆောင်ရွက်ပေးရမည် ဖြစ်သည်။
အနာဂတ် ရင်းနှီးမြှုပ်နှံမှုများကို အကဲဖြတ်ရာတွင် ၎င်းတို့မှ ဝင်ငွေမည်မျှ ရရှိစေသည်ကိုသာမက အလုပ်အကိုင် ဖန်တီးပေးနိုင်မှု၊ ထိုင်းလုပ်သားများအတွက် ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများ ပံ့ပိုးပေးနိုင်မှုနှင့် ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်တွင် ထိုင်းကုမ္ပဏီများ ပါဝင်နိုင်မှု အခြေအနေများကိုပါ ထည့်သွင်းစဉ်းစားသွားမည်ဖြစ်ကြောင်း Ekniti က ပြောကြားခဲ့သည်။
ဤမူဘောင်အရ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူမှုရေးဝန်ကြီးဌာနသည် ထိုင်းနိုင်ငံ အတွင်းရှိ ဒေတာစင်တာ အားလုံး၏ အရေအတွက်နှင့် တည်နေရာများကို ဖော်ပြပေးမည့် စနစ်တစ်ခုကို တည်ဆောက်သွားမည်ဖြစ်သည်။ ထို့အပြင် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ဒေတာစင်တာများကို ၎င်းတို့၏ လျှပ်စစ်စွမ်းအင် သုံးစွဲနိုင်မှု ပမာဏအလိုက် အမျိုးအစားခွဲခြား သတ်မှတ်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)
………………
(English version)
Thailand sets data center rules to balance investment, resource use
BANGKOK, Nov. 11 (Xinhua) -- Thailand's cabinet on Tuesday approved a policy framework to regulate data centers, setting minimum standards on environmental and social impact, water and power use, and zoning, and creating a one-stop service to speed up approvals.
During a press briefing, Deputy Prime Minister and Finance Minister Ekniti Nitithanprapas said data centers are key infrastructure for the digital economy and artificial intelligence, but they use large amounts of power and water and can affect nearby communities.
The sector has had no clear rules so far because it is a new type of business and approvals involve several government agencies, Ekniti said.
He added that data centers already operating legally can keep running and will be given time to meet the new standards, particularly environmental ones. Projects still awaiting permits must meet the new criteria before they can start operating.
The one-stop service will review projects as a whole and set the rules that agencies use when issuing permits. To gain approval, operators must meet the minimum standards and provide Thailand with jobs, skills training, and added value for local businesses.
Ekniti noted that future investments will be judged not only on how much money they bring in but also on job creation, skills training for Thai workers, and the participation of Thai companies in the supply chain.
Under the framework, the Ministry of Digital Economy and Society will build a dashboard showing the number and location of every data center in the Southeast Asian country, and define data centers in line with international standards, classified by power capacity. ■