ဖနောင်ပင် နိုဝင်ဘာ ၁၀
ကမ္ဘောဒီးယားနိုင်ငံ၏ (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို နိုဝင်ဘာ ၉ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။
မြို့တော်ဖနောင်ပင်ရှိ လွတ်လပ်ရေးအထိမ်းအမှတ်ကျောက်တိုင်၌ ကျင်းပသည့် လွတ်လပ်ရေးနေ့ အခမ်းအနားကို ဘုရင် နိုရိုဒွန်သီဟာမိုနီက ဦးဆောင်ကျင်းပပေးခဲ့သည်။ အဆိုပါ အခမ်းအနားသို့ အထက်လွှတ်တော်ဥက္ကဋ္ဌ ဆမ်ဒက်တက်ချို ဟွန်ဆန်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ခွန်ဆူဒါရီနှင့် ဝန်ကြီးချုပ် ဟွန်မာနတ်တို့အပြင် ပြည်ပသံတမန်များနှင့် နိုင်ငံသားများလည်း တက်ရောက်ခဲ့သည်။
တစ်နာရီကြာမြင့်သည့် အဆိုပါအခမ်းအနားအတွင်း ဘုရင်သီဟာမိုနီသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ကိုယ်စားပြုသည့်အနေဖြင့် အထိမ်းအမှတ်အဆောက်အအုံအတွင်း ပန်းခွေချကာ အခမ်းအနားဆိုင်ရာ “အောင်ပွဲမီးတိုင်” ကို ထွန်းညှိခဲ့သည်။
ငြိမ်းချမ်းရေးနှင့် လွတ်လပ်မှုကို ကိုယ်စားပြုသည့် ခိုများနှင့် မီးပုံးပျံများကို လွှတ်တင်ခြင်းဖြင့် အဆိုပါအထိမ်းအမှတ် အခမ်းအနား ပြီးဆုံးခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံသည် ၁၈၆၃ ခုနှစ်တွင် စတင်ခဲ့သော ပြင်သစ်ကိုလိုနီအုပ်ချုပ်မှု နှစ် ၉၀ ကြာကာလကို အဆုံးသတ်စေလျက် ၁၉၅၃ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့တွင် နိုင်ငံ၏ လွတ်လပ်ရေးကို တရားဝင်ရရှိခဲ့သည်။
ဆင်ဟွာ