Myanmar Transparency News

ယခုနှစ် ဆယ်လအတွင်း စားသုံးသူနစ်နာဆုံးရှုံးသဖြင့်တိုင်ကြားမှု ၄၆၂ မှုအထိရှိခဲ့ပြီး ၄၂၆ မှုဖြေရှင်းပေးထား၊ အွန်လိုင်းမှ စျေးဝယ်ပြီး တိုင်ကြားမှုများမှာ လိမ်လည်မှုသာဖြစ်ပြီး ဆိုင်မရှိပါက ဖြေရှင်းမရဟုပါ အသိပေး

သက်တံ့
၁၂. ၁၁. ၂၀၂၆

ယခုနှစ် ဆယ်လအတွင်း စားသုံးသူနစ်နာဆုံးရှုံးသဖြင့်တိုင်ကြားမှု ၄၆၂ မှုအထိရှိခဲ့ပြီး ၄၂၆ မှုဖြေရှင်းပေးထား၊ အွန်လိုင်းမှ စျေးဝယ်ပြီး တိုင်ကြားမှုများမှာ လိမ်လည်မှုသာဖြစ်ပြီး ဆိုင်မရှိပါက ဖြေရှင်းမရကြောင်းပါ စားသုံးသူရေးရာဦးစီးဌာနက အသိပေးသည်။

၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ​အောက်တိုဘာလအထိ ဆယ်လအတွင်း ကုန်စည်တိုင်ကြားမှု ၄၄ ခု၊ ဝန်ဆောင်မှုတိုင်ကြားမှု ၄၁၈ ခု၊ စုစုပေါင်း ၄၆၂ ခု လက်ခံရရှိရာ ၄၂၆ ခု ဖြေရှင်းပြီးစီးခဲ့သဖြင့် ဖြေရှင်းရန် ကျန် ၃၆ ခုကို ဆက်လက်ဖြေရှင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တိုင်ကြားမှုများအနက် ရန်ကုန်တိုင်းဒေသကြီးတွင် တိုင်ကြားလက်ခံရရှိမှု ၃၀၂ ခုဖြင့် အများဆုံးဖြစ်ပြီးမန္တလေးတိုင်းဒေသကြီးတွင် ၆၄ ခု ဖြင့် ဒုတိယအများဆုံးဖြစ်သည်။

တိုင်ကြားမှုအမျိုးအစားအုပ်စုအရ အီလက်ထ​ရောနစ်ကူးသန်း​ရောင်းဝယ်​ရေး ဝန်​ဆောင်မှု​ခေါင်းစဥ်၌ တိုင်ကြားမှု ၇၇ ခုဖြင့် တတိယအများဆုံးဖြစ်​ကြောင်း​တွေ့ရရာ အွန်လိုင်းမှ ဈေးဝယ်ပြီး တိုင်ကြားမှုများကို​​ညှိနှိုင်းဖြေရှင်း​ပေးရာတွင် လိမ်လည်မှုဖြစ်ပြီး ဆိုင်မရှိပါက ​ဖြေရှင်း​ဆောင်ရွက်​ပေး၍မရ​ကြောင်း၊ အွန်လိုင်းစနစ်ဖြင့်​ရောင်းချခြင်းမှတ်ပုံတင်မရှိဘဲ ​ရောင်းချခြင်းမပြုရ​ကြောင်း၊ ဝယ်ယူသူများကလည်းဂရုပြုဝယ်ယူရန်နှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးမှုများကို တိုင်း​ဒေသကြီး၊ ပြည်နယ်၊ ခရိုင်ရုံး အသီးသီးက စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း စားသုံးသူရေးရာဦးစီးဌာနက အသိပေးထားသည်။

မူရင်းသတင်း — Myanmar Transparency News