ထားဝယ် နိုဝင်ဘာ ၁၁
တနင်္သာရီတိုင်းဒေသကြီး တိုင်းဒေသကြီးအဆင့် ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းအစီအစဉ် စတင်ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့ မြို့တော်ခန်းမ၌ကျင်းပရာ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနက အသက် (၉) လမှ (၅၉) လအရွယ်ကလေး သူငယ် ၃၀ ကို ဝက်သက်၊ ဂျိုက်သိုးရောဂါ ကာကွယ်ဆေးထိုးနှံပေးသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက တိုင်းဒေသကြီးတွင် ဝက်သက်၊ ဂျိုက်သိုး ရောဂါကာကွယ်ဆေးထပ်ဆောင်းထိုးနှံခြင်း ယခုလုပ်ငန်းကို Phase (I)၊ Phase (II) ဖြင့် ခွဲခြား ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ Phase (I) အနေဖြင့် အောက်တိုဘာ ၁၉ ရက်မှ ၂၃ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် အောင်မြင်စွာ ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ Phase (II) အနေဖြင့် နိုဝင်ဘာ ဒုတိယအပတ်မှစတင်၍ တနင်္သာရီတိုင်းဒေသကြီး အပါအဝင် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းသည် နှစ်စဉ် အသက်ပေါင်းများစွာကို ကယ်တင်ပေးလျက်ရှိပြီး တစ်ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဖွံ့ဖြိုးတိုးတက်လာခြင်း၏ အောင်မြင်မှုပြယုဂ်တစ်ခုဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ “ဝက်သက်၊ ဂျိုက်သိုးရောဂါ ကာကွယ်ဆေးထိုးကြစို့” အထိမ်းအမှတ် ဗွီဒီယိုမှတ်တမ်းကိုပြသပြီး တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံကျန်းမာရေးဝန်ထမ်းများက “နိုင်ငံတကာ ရင်သွေးငယ်များ” တေးသီချင်းဖြင့် သီဆိုဂုဏ်ပြုကြပြီး အသက်(၉) လမှ (၅၉) လအရွယ် ကလေးသူငယ် ၃၀ အား ဝက်သက်၊ ဂျိုက်သိုးရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများက ကြည့်ရှုအားပေးကာ ကလေးငယ်များအတွက် အာဟာရဖြည့် မုန့်နှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)