လွိုင်ကော် နိုဝင်ဘာ ၁၁
ပြည်နယ်အဆင့် ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းလုပ်ငန်း အသိပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းစတင်ဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့နယ်ခန်းမ၌ ကျင်းပပြီး ကျန်းမာရေးဝန်ထမ်းများက ကလေးငယ်များအား ဝက်သက်၊ ဂျိုက်သိုးရောဂါ ကာကွယ်ဆေးထိုးနှံပေးသည်။
အခမ်းအနားတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အချက်အလက်များအရ ကမ္ဘာတစ်ဝန်းတွင် ဝက်သက်နှင့်ဂျိုက်သိုးရောဂါဖြစ်ပွားမှုသည် စိုးရိမ်ဖွယ်ရှိနေဆဲဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေး ပထမအကြိမ်နှင့် ဒုတိယအကြိမ်ထိုးနှံခြင်းကို ၂၀၂၅ ခုနှစ်တွင် ဆောင်ရွက်ခဲ့ပြီး ယခု ၂၀၂၆ ခုနှစ်တွင် ထပ်ဆောင်းထိုးနှံခြင်းကို အောက်တိုဘာလမှ စတင်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်နယ်အတွင်း ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံရမည့် အသက်အုပ်စုရှိ ကလေးငယ်တိုင်းထိုးနှံနိုင်အောင် တာဝန်ရှိသူများအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်က ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာစည်သူက ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းလုပ်ငန်းဆောင်ရွက်ခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြပြီး “ဝက်သက်၊ ဂျိုက်သိုးရောဂါ ကာကွယ်ဆေးထိုးကြစို့” အထိမ်းအမှတ် တေးသီချင်း Video Clip ကိုပြသပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျန်းမာရေးဝန်ထမ်းများက ကလေးငယ်များအား ဝက်သက်၊ ဂျိုက်သိုးရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှုများကို ကြည့်ရှု အားပေးပြီး အာဟာရဖြည့်စွက်စာများပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)