မော်လမြိုင် နိုဝင်ဘာ ၁၁
၂၀၂၆ ခုနှစ် မွန်ပြည်နယ် ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား ကလပ်အသင်းပေါင်းစုံ အသက်(၂၅)နှစ်နှင့်အောက် အမျိုးသား ဖူဆယ်(ဘောလုံး)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းကို ယမန်နေ့က မော်လမြိုင်မြို့ အမှတ်(၁) အခြေခံပညာ အလယ်တန်းကျောင်း အားကစားရုံ၌ ကျင်းပသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် အားကစား ဝါသနာရှင်များက ဗိုလ်လုပွဲစဉ်အဖြစ် Golden Star FC ဖူဆယ်(ဘောလုံး)အသင်းနှင့် Salmon FC ဖူဆယ်(ဘောလုံး) အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြိုင်ပွဲတစ်လျှောက်နေရာလိုက် အကောင်းဆုံးဆုရရှိကြသည့် အားကစားသမားများနှင့် ပူးတွဲတတိယဆု၊ ဒုတိယဆုရရှိသော ဖူဆယ်(ဘောလုံး)အသင်းတို့အား တစ်ဦး ချင်း ဆုတံဆိပ်နှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲတွင် ပထမဆုရရှိသည့် Golden Star FC ဖူဆယ် (ဘောလုံး) အသင်းအား တစ်ဦးချင်း ဆုတံဆိပ်၊ ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားတို့ကို ပေးအပ် ချီးမြှင့်သည်။
ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ် အခြေခံပညာအဆင့် အယ်လ်နီညိုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို မော်လမြိုင် မြို့ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း ဦးသာညှင်းဆောင်၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး အယ်လ်နီညိုဆိုင်ရာ အသိပညာပေးဟောပြောမည့်သူများအား ဂုဏ်ပြုလက်ဆောင်များ ချီးမြှင့်ကာ အယ်လ်နီညိုဖြစ်စဉ်နှင့် ပတ်သက်၍ ကျန်းမာရေးအသိပညာပေးခြင်း၊ ဘေးအန္တရာယ်များကို ကြိုတင် ကာကွယ်ရေးအသိပေးခြင်း၊ ရာသီဥတုဆိုင်ရာများနှင့် ပတ်သက်၍ အသိပညာပေးခြင်းတို့ကို ဟောပြောခဲ့ကြသည်။
စည်သူ(ပြန်/ဆက်)