နေပြည်တော် နိုဝင်ဘာ ၁၁
နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့်် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိသဖြင့် KIA ၊ KPDF နှင့် PDF အဖွဲ့ဝင် အမျိုးသား ငါးဦးနှင့် အမျိုးသမီး တစ်ဦး စုစုပေါင်း ခြောက်ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာကြသည်။
ထိုသို့ ဥပဒေဘောင်အတွင်း လက်နက်/ ခဲယမ်းများနှင့်အတူ ပြန်လည်ဝင်ရောက်လာကြသည့် KIA ၊ KPDF နှင့် PDF အဖွဲ့ဝင်များအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ယနေ့ နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဗလမင်းထင်ခန်းမ၌ ပြုလုပ်ရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့ကြသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တိုင်းမှူးက ဥပဒေဆိုင်ရာ အသိပညာပေးစကားများ ရှင်းလင်းပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူ ပါရှိလာသည့် M-79 LL ၄၀ မမ ဆုံလည်သေနတ် တစ်လက်၊ K-25 သေနတ် နှစ်လက်၊ KA သေနတ် တစ်လက်၊ ၄၀ မမ ဗုံးသီးလုံး ၂၀ ၊ လက်ပစ်ဗုံး တစ်လုံး၊ ၇.၆၂ ကျည်တောင့် ၂၇၀၊ ကျည်အိမ်မျိုးစုံ ငါးခု၊ ကျည်ကာအင်္ကျီ တစ်ထည်နှင့် ဆက်စပ်ပစ္စည်းများကို လွှဲပြောင်းအပ်နှံရာ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား M-79 LL ၄၀ မမ ဆုံလည်သေနတ် တစ်လက်အတွက် ငွေကျပ် ၇၅ သိန်း၊ မောင်းပြန်ရိုင်ဖယ်သေနတ် သုံးလက်အတွက် ငွေကျပ် သိန်း ၁၅၀၊ ၄၀ မမဗုံးသီးလုံး ၂၀ အတွက် ငွေကျပ်သိန်း ၆၀၊ လက်ပစ်ဗုံး တစ်လုံးအတွက် ငွေကျပ် သုံးသိန်း၊ ကျည်ကာအင်္ကျီတစ်ထည်အတွက် ငွေကျပ်နှစ်သိန်း၊ အလင်းဝင်ရောက်လာသူများ ခြောက်ဦးအတွက် ငွေကျပ်သိန်း ၉၀ တို့ကို ပေးအပ်ပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ခံဝန်ကတိ လက်မှတ်ရေးထိုးစေကာ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်း အပ်နှံပေးသည်။
အဆိုပါ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသည့် KIA၊ KPDF နှင့် PDF အဖွဲ့ဝင်များသည် မိသားစုဝင်ဆွေမျိုးများနှင့် အကျပ်ကိုင်၍ အတင်းအဓမ္မ စုဆောင်းခံကြရသူများဖြစ်ပြီး အကြမ်းဖက်အဖွဲ့များ၏ အကျိုးစီးပွားအတွက် အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ် မဟုတ်သည့် အခြေခံအဆောက်အအုံများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် အထက်အောက် အဆင့်အတန်း ခွဲခြား၍ အချင်းချင်းဗိုလ်ကျ နှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုကျူးလွန်ခြင်း၊ အနေအစားဆင်းရဲ၍ ပင်ပန်းဆင်းရဲစွာ နေထိုင်ရခြင်းနှင့် တပ်မတော်၏ တိုက်စစ်ကို ခုခံနိုင်တော့ခြင်းမရှိဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်၍ ယခုကဲ့သို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျ ပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်း သိရှိရသည်။ ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ်သတင်း ပေးပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများအတွက် ဆုကြေးငွေများကို ထိုက်တန်စွာပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ဥပေဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများ၏ စကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်-
အင်တာဗျူး ၁
သင်တန်းကတော့ နှစ်လတက်ခဲ့ရပါတယ်။ သင်တန်းဆင်းပြီးနောက် တာဝန်ထမ်းဆောင်တဲ့အခါ ဂိတ်မှာပို့တယ်။ ဂိတ်ကနေပြီးတော့ ဒီအပေါ်ကို ပါလာခဲ့တာပါ။ အဖွဲ့အစည်းကလည်း အဆင်မပြေဘူး။ သူတို့ပြောတာ တစ်မျိုး၊ လုပ်တာတစ်မျိုး၊ လုပ်ရပ်တွေက မဟုတ်ဘူး။
အဲဒါကြောင့် ကျွန်တော်မကြိုက်လို့ ဒီဘက်ကို လာရောက်ပြီးတော့ အလင်းဝင်ရောက်ခြင်းဖြစ်ပါတယ်။ ဟိုဘက်မှာ အခက်အခဲတွေ ကြုံတွေ့တာရှိပါတယ်။ အခက်အခဲတွေကတော့ ကြမ်းတမ်းတယ်။ တစ်ခါတလေ မသွားချင်တဲ့လမ်းလည်း လွှတ်တယ်။ လွှတ်တဲ့လမ်းကိုတော့ သွားခဲ့ရပါတယ်။ စိတ်မပါလည်း သွားရတယ်။ ကိုယ်က မလုပ်ချင်လည်း လွှတ်တာပဲ။ အဲဒါကြောင့်မို့ သူတို့ကိုလည်း မကြိုက်လို့ ဒီဘက်ကို လာရခြင်းဖြစ်တယ်။ သူငယ်ချင်းတွေ အမြင်မှန်ရပြီးတော့ ဒီလိုလေး အလင်းဝင်ပေးဖို့ပေါ့နော်။
နောက်ထပ်ပြောချင်တာက ကျွန်တော်တို့ကိုကြည့်ပေါ့။ နွေးနွေးထွေးထွေး ကြိုဆိုတဲ့အကြောင်းကို မှာကြားချင်ပါတယ်။
အင်တာဗျူး ၂
ပဲခင်းမှာ ပေါင်းနုတ်နေတုန်း PDF အဖွဲ့အစည်းကလာပြီး ခေါ်ဆောင်ဖမ်းဆီးသွားပြီးတော့ သင်တန်းတွေပေးကာ ဒီလိုရှေ့တန်းတွေ ဘာတွေပို့ခံရတာပေါ့။ အခက်အခဲတွေကတော့ ရှိပါတယ်။ ဘယ်လိုအခက်အခဲတွေလဲဆိုတော့ သူတို့ တစ်ယောက်နဲ့ တစ်ယောက် မတူညီမှုတွေ၊ နောက်ပြီးတော့ လူမျိုးရေးခွဲခြားတာတွေပေါ့။ အဲဒီလိုမျိုးတွေလည်း ရှိတယ်။ တစ်ယောက်နဲ့ တစ်ယောက် အထက်ကအငယ်ကို နှိပ်စက်တာမျိုးတွေပေါ့။ ဒါမျိုးတွေ အများကြီးရှိပါတယ်။
အလင်းဝင်လာတဲ့အကြောင်းရင်းက သူတို့တွေ အဲဒီလိုနှိပ်စက်တာတွေလည်း ပါလာတယ်။ နောက်ပြီးတော့ ရိက္ခာပိုင်းဘာညာတွေလည်း နောက်ဆုံးအဆင်ကမပြေလာတော့ဘူး။ သူတို့ နှိပ်စက်တာတွေ ဘာတွေနဲ့ဆိုတော့ သူတို့နဲ့သဘောထားချင်းကလည်း တအားကွဲလွဲတော့ ဒီဘက်ကို အလင်းဝင်လာဖြစ်တာပေါ့။ ကျွန်တော့်သူငယ်ချင်းနဲ့ နှစ်ယောက်လာခဲ့ပါတယ်။ သူက သက်သက်တစ်နေရာပေါ့နော်။ ကျွန်တော်ကတစ်နေရာ။ အတူတူစုပြီးတော့ တိုင်ပင်ခဲ့ကြတာပေါ့။ သူငယ်ချင်းအတူသွားမလား ဘယ်လိုဘယ်ညာပေါ့။ ဒီဘက်မှာကတော့ စိတ်ချမ်းသာပါတယ်။ ဂရုတစိုက်လည်းကြိုဆိုသလို ဝမ်းမြောက်ဝမ်းသာနဲ့ အကုန်လုံးဂရုတစိုက်နေပေးတော့ စိတ်ချမ်းသာပါတယ်။ ဝမ်းလည်းသာပါတယ်။
ဟိုဘက်ကပြောတဲ့ မင်းတို့တွေကို အလင်းဝင်ရင် သတ်ပစ်မယ်တွေ၊ ထောင်ချထားမှာတွေ အဲဒီလိုတွေပြောတာတွေ မယုံကြပါနဲ့လို့။ နိုင်ငံတော်ကလည်း လူငယ်တွေအတွက် အကုန်လုံး အလုပ်ကအစ အကုန်လုံးတာဝန်ယူပြီးတော့ လုပ်ဆောင်ပေးနေတဲ့အချိန်မှာ အလင်းမြန်မြန်ဝင်ဖို့ ပြောချင်ပါတယ်။
သတင်းစဉ်