နေပြည်တော် နိုဝင်ဘာ ၁၁
နေပြည်တော် ဇေယျာသီရိမြို့နယ် ရန်ကုန်-မန္တလေး ကားလမ်းဟောင်း မိုင်တိုင်အမှတ်(၂၄၀/၁) ဝန်ပြန်ကျေးရွာအနီး ရှမ်းပြည်နယ်(အရှေ့/တောင်) တောင်ကြီးသစ်ထုတ်ရေးဒေသ ခရေပင်သစ်ဆိပ်နှင့် နေပြည်တော်ဥတ္တရခရိုင် တပ်ကုန်းမြို့နယ် တပ်ကုန်း- ပင်လောင်းကားလမ်း မိုင်တိုင်အမှတ်(၃/၀) ကင်းသာ ကျေးရွာအနီး နေပြည်တော် သစ်ထုတ်ရေးဒေသ ကင်းသာသစ်ဆိပ်တို့၌ ၂၀၂၅-၂၀၂၆ ခုနှစ် သစ်ထုတ်ရာသီတွင် ထုတ်လုပ်ထွက်ရှိခဲ့သည့် သစ်မာသစ်လုံးများနှင့် သစ်တောဦးစီးဌာနမှ လွှဲပြောင်းပေးအပ်ခဲ့သည့် ဖမ်းဆီးသစ် ကျွန်း/ သစ်မာသစ်လုံး/ ခွဲသားများ စုပုံထိန်းသိမ်းထားရှိမှုအခြေအနေကို ယနေ့နံနက်ပိုင်းတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သောင်းနိုင်ဦး ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် အယ်လ်နီညိုဖြစ်စဉ် အခြေအနေအပေါ် သက်ရောက်မှုအနည်းဆုံး ဖြစ်စေရေးအတွက် သစ်ဆိပ်အားလုံး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရန်၊ ဝန်ထမ်းများအား နေ့/ည အပိုင်းလိုက် အချိန်များခွဲ၍ တာဝန်ပေးအပ်သွားရန်၊ သစ်ဆိပ်ဝန်ထမ်းများအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ပေးအပ်သည့် တာဝန်များကို ကျေပွန်အောင်ထမ်းဆောင် သွားကြရန်၊ မီးဘေး၊ ရေဘေးနှင့် အခြားသဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ၊ အရေးပေါ်တုံ့ပြန်ရေး အစီအမံများကို စနစ်တကျဆောင်ရွက် ထားရှိကြရန် မှာကြားပြီး သစ်ဆိပ် မီးဘေးကာကွယ်ရေးလုပ်ငန်းများ ကြိုတင်စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်စွက် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်