နေပြည်တော် နိုဝင်ဘာ ၁၁
နေပြည်တော်ကောင်စီနှင့် မြန်မာ အာကာသအေဂျင်စီတို့ ကြီးမှူးကျင်းပသည့် အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ/ကာတွန်း/ ပိုစတာပြိုင်ပွဲနှင့် အာကာသ နည်းပညာဆိုင်ရာ ပြခန်းများ ဖွင့်ပွဲအခမ်းအနားကို ယမန့်နေ့က အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁(MICC-1)၌ ကျင်းပပြီး မူလတန်းအဆင့်၌ “အာကာသအိပ်မက်” ခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်ခဲ့ကြကာ ယနေ့တွင် အခြေခံပညာအလယ်တန်းအဆင့် အာကာသဆိုင်ရာ ပန်းချီ/ ကာတွန်း/ ပိုစတာပြိုင်ပွဲကို “လူသား နှင့် အနာဂတ်အာကာသ” ခေါင်းစဉ်ဖြင့် ကျင်းပသည်။
အနာဂတ်မျိုးဆက်သစ်လူငယ် မောင်မယ်များ အာကာသသိပ္ပံနှင့် နည်းပညာများကို စိတ်ဝင်စားပြီး အနုပညာမှတစ်ဆင့် သိပ္ပံဆိုင်ရာစိတ်ကူးစိတ်သန်းများ ဖော်ထုတ်ပြသနိုင်ရန် ရည်ရွယ်ချက်ဖြင့် အဆိုပါပြိုင်ပွဲများကို ဆောင်ရွက်ပေးခြင်း ဖြစ်သည်။
အာကာသနည်းပညာဆိုင်ရာ ပြခန်းများတွင် အာကာသနှင့် AI နည်းပညာသုံး စိုက်ပျိုးရေးစနစ် ပြခန်း၊ အာကာသနှင့် AI နည်းပညာ အသုံးချပြခန်းရှိ ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင် စောင့်ကြည့် လေ့လာရေးစနစ် ဂြိုဟ်တု နည်းပညာအသုံးချ Application များ၊ AI နှင့် အမေးအဖြေကဏ္ဍ၊ AI အသုံးပြုစိတ်ဝင်စားဖွယ်ဂိမ်းများ၊ စက်ရုပ်နည်းပညာပြခန်း၊ သိပ္ပံ၊ နည်းပညာ အင်ဂျင်နီယာနှင့် သင်္ချာပညာရပ်ပြခန်း၊ နက္ခတ်တာရာနှင့် အာကာသသိပ္ပံပြခန်း၊ အာကာသ စူးစမ်းလေ့လာရေးပြခန်း၊ နက်ရှိုင်းသော အာကာသ စူးစမ်းလေ့လာရေး သုတေသန ပြခန်းများ ပြသထားပြီး ပြခန်းများကို ယနေ့တွင် ကျောင်းသား ကျောင်းသူများနှင့် အများပြည်သူ ၄၀၃၀ လာရောက်လေ့လာခဲ့ကြ ကြောင်းနှင့် အဆိုပါပြခန်းများကို နိုဝင်ဘာ ၁၃ ရက်အထိ နေ့စဉ် နံနက် ၈ နာရီခွဲမှ ညနေ ၆ နာရီ အထိ လာရောက်လေ့လာနိုင်ကြောင်း သိရသည်။
နေပြည်တော်(ပြန်/ဆက်)