ရန်ကုန် နိုဝင်ဘာ ၁၁
၂၀၂၆ MFF ယူ-၁၉ ဖူဆယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် (၁၉) ကို နိုဝင်ဘာ ၁၁ ရက်က ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းရှိ MFF ဖူဆယ်အားကစားရုံ၌ ဆက်လက်ကျင်းပရာ MIU အသင်း နိုင်ပွဲဆက်ပြီး ဆက်လက်ဦးဆောင်လျက်ရှိသည်။
MIU အသင်းသည် အမှတ်ပေးဇယားဦးဆောင်ခွင့်ရပြီးနောက် အမှားမခံဘဲ ဆက်လက်ဦးဆောင်နိုင်ရန် ကြိုးပမ်းလျက်ရှိပြီး တတိယနေရာမှ YRG အသင်းမှာလည်း စံချိန်တင်သွင်းဂိုးဖြင့် အနိုင်ရခဲ့သည်။ ပွဲစဉ် (၁၈) တွင် Pacific Sun Far အသင်းက ရွှေပြည်သာယူနိုက်တက်အသင်းကို ၁၁ ဂိုး-လေးဂိုး၊ ULAD အသင်းက Burmese Warriors အသင်းကို ၁၃ ဂိုး-သုံးဂိုး၊ YRG အသင်းက မင်္ဂလာဒုံစီးတီးအသင်းကို ၃၃ ဂိုး-နှစ်ဂိုး၊ YCDC Dream Team အသင်းက United City အသင်းကို ခုနစ်ဂိုး-လေးဂိုး၊ MIU အသင်းက Royal Noka အသင်းကို ၁၃ ဂိုး-သုံးဂိုးဖြင့် အနိုင်ရပြီး Gold Dream အသင်းနှင့် JV အသင်း နှစ်ဂိုးစီ သရေကျခဲ့သည်။
ပွဲစဉ် (၁၉) အပြီးတွင် MIU အသင်းက ၅၂ မှတ်၊ Pacific Sun Far အသင်းနှင့် YRG အသင်က ၄၉ မှတ်စီ၊ YCDC Dream Team အသင်းက ၄၁ မှတ်၊ Gold Dream အသင်းက ၃၇ မှတ်၊ ULAD အသင်းက ၃၃ မှတ်၊ United City အသင်းနှင့် JV အသင်းက ၂၁ မှတ်စီ၊ Royal Noka အသင်းက ၁၈ မှတ်၊ ရွှေပြည်သာယူနိုက်တက်အသင်းက ၁၁ မှတ်၊ မင်္ဂလာဒုံစီးတီးအသင်းက သုံးမှတ်၊ Burmese Warriors အသင်းက တစ်မှတ်ရရှိထားသည်။
သတင်း-ရှိုင်းထက်ဇော်
ဓာတ်ပုံ-MFF