နေပြည်တော် နိုဝင်ဘာ ၁၁
မြန်မာနှင့် ထိုင်းလေတပ်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်ရန်အတွက် ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းဝင်း ဦးဆောင်သော တပ်မတော် (လေ) ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Sakesan Kantha ၏ ဖိတ်ကြားချက်အရ နိုဝင်ဘာ ၉ ရက် နံနက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်ရာ တပ်မတော် (လေ) ကိုယ်စားလှယ်အဖွဲ့အား ထိုင်းနိုင်ငံ ဒွန်မောင်းအပြည်ပြည် ဆိုင်ရာလေဆိပ်၌ ထိုင်းဘုရင့်လေတပ်ဌာနချုပ်မှ Deputy Chief of the Air Staff(Civil and Special Affairs) ဖြစ်သူ Air Mar-shal Theerawat Intarapiroj၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းလေတပ်စစ်သံမှူး Group Captain Trisanat Palakawong Na Ayudhya နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးနှင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာစစ်သံရုံးမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ကာကွယ်ရေးဦးစီးချုပ် (လေ) ဦးဆောင်သော တပ်မတော် (လေ) ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းတွင် ထိုင်းဘုရင့်လေတပ်ဌာနချုပ်သို့ သွားရောက်ရာ ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Sakesan Kantha က ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုပြီး ထိုင်းဘုရင့်လေတပ် အောက်မေ့ဖွယ်အထိမ်းအမှတ်နေရာ၌ ဂုဏ်ပြုပန်းခွေချအလေးပြုကြသည်။ ထို့နောက် ထိုင်းဘုရင့်လေတပ်ဌာနချုပ် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုး၍ ထိုင်းဘုရင့်လေတပ်ဦးစီးချုပ်နှင့် နှစ်နိုင်ငံလေတပ်များအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးကြပြီး အမှတ်တရလက်ဆောင်များ အပြန်အလှန်ပေးအပ်ကြသည်။
ဆက်လက်၍ ကာကွယ်ရေးဦးစီးချုပ် (လေ) ဦးဆောင်သော တပ်မတော် (လေ) ကိုယ်စားလှယ်အဖွဲ့သည် Air Technical Training School သို့ သွား ရောက်ကြရာ Director of Intelligence နှင့် Deputy Director of Education and Training တို့က ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် Air Technical Training School မှ တာဝန်ရှိသူတစ်ဦးက သင်တန်းကျောင်း၏ သမိုင်းကြောင်း၊ ဖွဲ့စည်းပုံ၊ ရည်မှန်းချက်တာဝန်၊ သင်ရိုးညွှန်းတမ်း၊ သင်ကြားမှုနည်းစနစ်များ၊ သင်တန်းသားအရည်အချင်းသတ်မှတ်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး သင်တန်းကျောင်းအတွင်းရှိ Air-craft Maintenance Simulation Center အား ကြည့်ရှုလေ့လာကြသည်။ ညပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ် (လေ) ဦးဆောင်သော တပ်မတော် (လေ) ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ်က တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
ကာကွယ်ရေးဦးစီးချုပ် (လေ) ဦးဆောင်သော တပ်မတော် (လေ) ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၁၁ ရက် မွန်းလွဲပိုင်းတွင် RTAF Museum သို့ သွားရောက်လေ့လာကြပြီး ဗန်ကောက်မြို့မှ ပြန်လည်ထွက်ခွာရာ နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ညနေပိုင်းတွင် ပြန်လည်ရောက်ရှိ၍ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တပ်မတော် (လေ) မှ အရာရှိကြီးများက ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်