နေပြည်တော် နိုဝင်ဘာ ၁၁
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် တတိယအကြိမ်ပြည်သူ့ လွှတ်တော်တတိယပုံမှန်အစည်းအဝေး (၂၇) ရက်မြောက်နေ့ အစည်းအဝေးသို့ လာရောက်လေ့လာသည့် ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြို့ ဗိုလ်တထောင်ခရိုင်မှ ဒေသခံပြည်သူများအား ယနေ့မွန်းလွဲပိုင်းတွင် ပြည်သူ့လွှတ်တော် (C) ဆောင် ဒုတိယထပ်ရှိ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
လက်ဆင့်ကမ်းမျှဝေ
တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ၂၀၂၅ ခုနှစ်တွင် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပပြီးနောက် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဟူ၍ မဏ္ဍိုင်ကြီး (၃) ရပ်ဖြင့် ဒီမိုကရေစီအစိုးရသစ်တစ်ရပ်ပေါ်ပေါက်လာသည့် အခြေအနေများ၊ ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်သည့် လွှတ်တော်များ၏ ဖွဲ့စည်းပုံ၊ လုပ်ငန်းတာဝန်များ၊ ဥပဒေပြုရေးဆိုင်ရာကိစ္စရပ်များ၊ လွှတ်တော်များ၏လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အထောက်အကူပြုသည့် ကော်မတီများ၏ ဖွဲ့စည်းပုံနှင့် သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်နေမှုအခြေအနေများကို အသေးစိတ်ရှင်းလင်းပြောကြားသည်။ မဲဆန္ဒရှင်ပြည်သူများအနေဖြင့်လည်း မိမိတို့ရွေးချယ်ပေးလိုက်သည့် ကိုယ်စားလှယ်များ၏ စွမ်းဆောင်မှုများကို အလေးထားစောင့်ကြည့်ပြီး မိမိတို့၏ဒေသအကျိုး၊ နိုင်ငံ့အကျိုးတို့ ဆောင်ရွက်နိုင်ရေး အကြံပြုတိုက်တွန်းသွားရန်နှင့် လွှတ်တော်ကို ပြည်သူများပိုမိုသိရှိစေရန် Social Media များမှတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေသည့်အခြေအနေများ၊ လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာ (၂၀၂၇-၂၀၃၁) ကို ချမှတ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ပြည်သူများ၏ လိုလားချက်များကို လွှတ်တော်မှ အလေးထားအကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းခဲ့ပြီး ယခုလိုလွှတ်တော်သို့ စိတ်ပါဝင်စားစွာ လာရောက်လေ့လာကြသည့် ပြည်သူများအနေဖြင့်လည်း ယနေ့ ကိုယ်တိုင်တွေ့ကြုံလေ့လာခဲ့ရသည့် လွှတ်တော်ဆိုင်ရာ ဗဟုသုတများကို လက်ဆင့်ကမ်းမျှဝေနိုင်ရန် ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းကြရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။
တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီးမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးဉာဏ်ဝင်းထိုက်၊ ဦးစိုင်းလင်းလင်းထွဏ်း၊ ဦးဝင်းကျော်၊ ဦးကျော်စန်းဦး၊ ဒေါ်အေးမြမြကြိုင်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်