ဖလမ်း နိုဝင်ဘာ ၁၁
အကြမ်းဖက် ဖြစ်စဉ်များကြောင့် ပျက်စီးသွားသည့် ဆူရ်ဘုန်လေဆိပ်အတွင်းရှိ လေဆိပ် အဆောက်အအုံ၊ လေကြောင်း ထိန်းမျှော်စင်၊ လေကြောင်း လမ်းညွှန်စက်များ ထားရှိသည့် နေရာတို့တွင် ပျက်စီးမှုများ သန့်ရှင်းရေးပြန်လည်ဆောင်ရွက်ထားရှိမှုနှင့် လေဆိပ်လုံခြုံရေး ဆောင်ရွက်ထားရှိမှုများ၊ လေယာဉ်ပြေးလမ်း တစ်လျှောက်နှင့် လေယာဉ်ရပ်နားရာနေရာများကို ယနေ့တွင်နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ကျော်ကျော်ဟန်သည် ချင်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်း ကော်မတီဝင်များနှင့်အတူ ကြည့်ရှုစစ်ဆေးပြီး ထပ်မံသန့်ရှင်းရေးဆောင်ရွက်ရန် လိုအပ်သည့်နေရာများတွင် သန့်ရှင်းသပ်ရပ်စွာ ဆောင်ရွက်ထားရှိရေး ပေါင်းစပ်ညှိနှိုင်း မှာကြားသည်။
ထိုမှတစ်ဆင့် ဖလမ်းမြို့ ဖာရ်ထောက်ရပ်ကွက်ရှိ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန လေးခန်းတွဲ နှစ်ထပ်အိမ်ရာ တစ်လုံးနှင့် နှစ်ခန်းတွဲ နှစ်ထပ် အိမ်ရာနှစ်လုံး ရာနှုန်းပြည့်ပြုပြင် ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းမိသားစုများအား နေရာချထားပေးနိုင်ရေးနှင့် အိမ်ရာပတ်ဝန်းကျင် သန့်ရှင်းရေး၊ ရေစီးရေလာ ကောင်းမွန်ရေး ဆောင်ရွက်ရန် မှာကြားသည်။
ဆက်လက်၍ တစ်စိတ်တစ်ပိုင်း ပျက်စီးသွားသည့် ပညာရေး ဝန်ထမ်းအိမ်ရာများ ပြုပြင်ပြီးစီး၍ ဝန်ထမ်းမိသားစုများ နေထိုင်နေမှု အခြေအနေများကို ကြည့်ရှုပြီး ဝန်ထမ်းမိသားစုများ စိုက်ပျိုးရေးဆောင်ရွက်ထားရှိမှု၊ ရေရရှိမှု အခြေအနေများကို ရင်းရင်းနှီးနှီးနှုတ်ဆက်မေးမြန်းကာ လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့ပြင် ဖလမ်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းဝင်းအတွင်းရှိ အကြမ်းဖက် ဖြစ်စဉ်များကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးသွားသည့် စာသင်ဆောင် ပြုပြင်ထားရှိမှု အခြေအနေ၊ တစ်စိတ်တစ်ပိုင်း ပျက်စီးသွားသည့် ပင်မစာသင်ဆောင် ရာနှုန်းပြည့်ပြုပြင်ပြီးစီးမှုနှင့် ကျောင်းဆောင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးကာ ကျောင်းတက်ရောက်နေသည့် ကျောင်းသား ကျောင်းသူများ စာသင်ကြားနေမှုကို ကြည့်ရှုအားပေးပြီး ဆရာ ဆရာမများအား ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)