Myanmar Digital News

ဇမ္ဗူသီရိမြို့နယ်အတွင်း အယ်လ်နီညို သဘာဝဘေးဆိုင်ရာ အသိပညာပေး ဟောပြော

 ဇမ္ဗူသီရိ နိုဝင်ဘာ ၁၁

 

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ တဲကြီးကုန်းကျေးရွာအုပ်စုနှင့် အလျင်လိုကျေးရွာအုပ်စုတို့တွင် ယနေ့နံနက်ပိုင်းက အယ်လ်နီညိုသဘာဝဘေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲများကို ကျင်းပသည်။

 

အဆိုပါ ဟောပြောပွဲများတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က အမှာစကား ပြောကြားပြီး တိုင်းဦးစီးမှူးက ဟောပြောပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ မြို့နယ်ဦးစီးမှူးက အယ်လ်နီညို ဖြစ်စဉ်ကြောင့် မွေးမြူရေးတိရစ္ဆာန်များ ဆုံးရှုံးမှုမရှိစေရန်နှင့် ထုတ်လုပ်မှု လျော့ကျမှုမရှိစေရေးအတွက် ရေ၊ အစာ ကြိုတင်စီမံ သိုလှောင်ခြင်း၊ ရောဂါနှင့် အပူဒဏ်မှ ကာကွယ်ခြင်း၊ အရေးပေါ်တုံ့ပြန်မှုများ အသင့်ပြင်ဆင်ထားခြင်းတို့ကို ရှင်းလင်း ဟောပြောခဲ့ကြောင်း သိရသည်။ 

အောင်မျိုးထွန်း(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News