
အဘူဒါဘီ၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)
ရုရှားနှင့် ယူကရိန်းတို့သည် နိုဝင်ဘာ ၁၁ ရက်က ကျင်းပသည့် ရုရှား-အမေရိကန်-ယူကရိန်း သုံးပွင့်ဆိုင်ဆွေးနွေးမှုတွင် စစ်သုံ့ပန်းအများအပြား လဲလှယ်မှုအတွက် သဘောတူညီမှု ရရှိခဲ့ကြောင်း၊ အသေးစိတ် အကြောင်းအရာများကို မကြာမီထုတ်ပြန်သွားမည်ဖြစ်ကြောင်း ရုရှား စေ့စပ်ညှိနှိုင်းမှု ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်၊ ရုရှားသမ္မတလက်ထောက် Vladimir Meginsky က ထိုနေ့တွင် ယူအေအီးနိုင်ငံ မြို့တော်အဘူဒါဘီ၌ ထုတ်ပြန်ကြေညာခဲ့သည်။
နှစ်ဖက်အနေဖြင့် အချို့သောအကြောင်းအရာများတွင် နားလည်မှုရရှိခဲ့ကြောင်း၊ ထို့ပြင် ရုရှား-ယူကရိန်း ကိုယ်စားလှယ်အဖွဲ့သည် လူသားချင်းစာနာထောက်ထားမှု အကြောင်းအရာကိုလည်း ဆွေးနွေးခဲ့ကြောင်း၊ သို့သော် နောက်ဆုံး သဘောတူညီချက် မရရှိမီ အဘူဒါဘီ တွေ့ဆုံဆွေးနွေးမှု၏ အသေးစိတ် အကြောင်းအရာအား ဆွေးနွေးမည်မဟုတ်ကြောင်း Vladimir Meginsky က ထိုနေ့တွင် အဘူဒါဘီမြို့၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
Vladimir Meginsky က လုံခြုံရေးမူဘောင်ဖွဲ့စည်းမှုသည် အဘူဒါဘီ တွေ့ဆုံဆွေးနွေးမှု၏ အဓိကအကြောင်းအရာဖြစ်ကြောင်း၊ ရုရှားဘက်အနေဖြင့် ဥရောပလုံခြုံရေးဖွဲ့စည်းပုံတည်ဆောက်မှုအရေးကို တစ်ကြိမ်မကအဆိုပြုခဲ့ပြီး ယူကရိန်းပဋိပက္ခအဆုံးသတ်ပြီးနောက် ဥရောပလုံခြုံရေးစနစ် တည်ဆောက်မှုအရေးကို မဖြစ်မနေဖြေရှင်းရမည် ဖြစ်ကြောင်း၊ လက်ရှိကျင့်သုံးနေသော ဥရောပလုံခြုံရေးစနစ် လည်ပတ်နေမှုမှာ အလွန်ဆိုးရွားနေသည်ကို ယူကရိန်းပဋိပက္ခက ဖော်ပြနေကြောင်း၊ ၎င်းယန္တရားတစ်ခုလုံးသည် ပုံမှန်မဟုတ်ဘဲ အဆိုပါ “အရှုပ်အထွေး သွေးစုနာ” သည် ယူကရိန်းအရေးတွင် ပေါက်ကွဲထွက်သွားခဲ့ကြောင်း၊ ဥရောပလုံခြုံရေးစနစ်၏ ပြဿနာလက္ခဏာများကို အပေါ်ယံဖြေရှင်းမှု ဆေးလိမ်းရုံဖြင့် အကျိုးမထူးဘဲ အမြစ်ပြတ်အောင် ဖြေရှင်းကုသရမည်ဖြစ်ကြောင်း ဆိုခဲ့သည်။
ရုရှားကိုယ်စားလှယ်အဖွဲ့သည် ယူအေအီးနိုင်ငံတွင်ရှိသည့် ဥရောပကိုယ်စားလှယ်များနှင့် ချိတ်ဆက်ဆွေးနွေးမှု မရှိကြောင်း၊ “သူတို့ဒီနေရာမှာရှိနေတဲ့ အနေအထားကို ကျွန်တော်တို့ သေချာမသိပါဘူး၊ တွေ့ဆုံဆွေးနွေးမှုက သုံးပွင့်ဆိုင်ပုံစံပါ” ဟု Vladimir Meginsky က ပြောကြားခဲ့သည်။ (Xinhua)
---------------------
(Chinese Version)
俄乌就大规模换俘达成一致
新华社阿布扎比11月11日电(记者温新年 王昊)俄罗斯谈判代表团团长、俄总统助理梅金斯基11日在阿联酋首都阿布扎比宣布,俄罗斯与乌克兰在当天的俄美乌三方会谈中就大规模交换被俘人员达成一致,具体细节将于近期公布。
梅金斯基当天在阿布扎比举行的新闻发布会上表示,双方在部分问题上达成谅解。此外,俄乌代表团讨论了人道主义问题。但在达成最终协议前,不会讨论阿布扎比会谈具体细节。
梅金斯基表示,安全架构是阿布扎比会谈的核心议题。俄不止一次提出构建欧洲安全架构问题,在乌克兰冲突结束后建立欧洲安全体系的问题必须得到解决。乌克兰冲突表明,现行欧洲安全体系运转得非常糟糕,其整个机制都不正常,这个“脓疮”在乌克兰问题上破溃了。对于欧洲安全体系的病症,仅涂抹药膏无济于事,须彻底治疗。
梅金斯基还表示,俄罗斯代表团没有与在阿联酋的欧洲代表进行沟通。“我们不太清楚他们在这里的身份。会谈是三边性质的。”(完)
图说:这是11月11日拍摄的阿联酋首都阿布扎比城市天际线。新华社记者 王泽聪 摄