
မော်စကို၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)
ရုရှားနှင့် တရုတ်နိုင်ငံတို့၏ ပူးပေါင်းဆောင်ရွက်မှုသည် အာရှ-ပစိဖိတ်ဒေသနှင့် ကမ္ဘာလုံးဆိုင်ရာတည်ငြိမ်ရေးနှင့်လုံခြုံရေးကို အထောက်အကူပြုသည့် အဓိကအချက်တစ်ခုဖြစ်ကြောင်း၊ မကြာမီ ကျင်းပတော့မည့် APEC စီးပွားရေးခေါင်းဆောင်များအစည်းအဝေး အောင်မြင်စေရန်ဆုတောင်းပေးပါကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာက နိုဝင်ဘာ ၁၁ ရက်တွင် ပြောကြားခဲ့သည်။
ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ဆင်ဟွာသတင်းဌာန၏မေးမြန်းချက်ကို ပြန်လည်ဖြေကြားရာ၌ မော်စကိုနှင့် ပေကျင်းတို့သည် APEC မူဘောင်အတွင်း သဘောထားချင်းတူညီကြပြီး အနာဂတ်မျှော်မှန်းချက်ချင်းလည်း ကိုက်ညီမှုရှိကြောင်း ၎င်းက မှတ်ချက်ပြုပြောဆိုခဲ့သည်။ နှစ်ဖက်စလုံးသည် ဒေသတွင်းအဓိကကိစ္စရပ်များတွင် နီးကပ်စွာညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး အာရှ-ပစိဖိတ်ဒေသအတွင်း တန်းတူညီမျှမှုရှိပြီး ခွဲခြားမရသည့် အပြန်အလှန်ဆက်စပ်နေသော လုံခြုံရေးဖွဲ့စည်းပုံမူဘောင်တစ်ရပ်တည်ဆောက်ရေးကိုလည်း ပူးပေါင်းထောက်ခံအားပေးလျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
၂၀၂၆ ခုနှစ် APEC အိမ်ရှင်နိုင်ငံအဖြစ် တရုတ်နိုင်ငံ၏ လုပ်ဆောင်မှုများကိုလည်း ဇာခါရိုဗာက အထူးတလည် ချီးကျူးပြောဆိုခဲ့သည်။ “လက်ရှိဥက္ကဋ္ဌတာဝန်ယူမှုမှာလည်း အကျိုးဖြစ်ထွန်းပြီး ရလဒ်ကောင်းတွေလည်း ရရှိခဲ့ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ ထို့အပြင် “ဒီလို ရှုပ်ထွေးပြီး နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရတဲ့လုပ်ငန်းစဉ်ကြီးကို အပြစ်အနာအဆာမရှိ စီစဉ်ဆောင်ရွက်ပေးခဲ့တာနဲ့ အလေးအနက်ထား ဒီဇိုင်းရေးဆွဲပေးတာတွေအတွက် ကျွန်မတို့ရဲ့ တရုတ်မိတ်ဆွေတွေကို ကျေးဇူးတင်ရှိပါတယ်” ဟုလည်း ၎င်းက ထပ်မံပြောဆိုခဲ့သည်။
ထို့အပြင် လာမည့် APEC ထိပ်သီးအစည်းအဝေးကို အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်နေသော အာရှ-ပစိဖိတ်ဒေသအတွင်း ပူးပေါင်းဆောင်ရွက်ရေးနှင့်ပတ်သက်သည့် ရုရှားနိုင်ငံ၏ ဘက်စုံဆောင်ရွက်မှုများနှင့် ဒေသတွင်းအရှိန်မြှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုရှားစီးပွားရေးကဏ္ဍ၏ ပံ့ပိုးကူညီနိုင်မှုကို ရှင်းလင်းတင်ပြရန် အခွင့်အလမ်းတစ်ရပ်အဖြစ် ရှုမြင်ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)
…………….
(English Version)
Russia-China cooperation key to Asia-Pacific stability: Russian spokesperson
MOSCOW, Nov. 11 (Xinhua) -- Russia-China cooperation stands as one of the key factors underpinning stability and security in the Asia-Pacific region and the world at large, Russian Foreign Ministry spokesperson Maria Zakharova said Wednesday, as she wished the upcoming APEC Economic Leaders' Meeting every success.
Responding to a question from Xinhua at her regular press briefing, she noted that Moscow and Beijing hold convergent positions and share compatible visions within the APEC framework. The two sides maintain close coordination on core regional issues and jointly advocate building an equal, indivisible security architecture in the Asia-Pacific region, she said.
Zakharova spoke highly of China's work as the 2026 APEC host. "The current chairmanship has been rich and productive," she said, adding that "we are grateful to our Chinese friends for the impeccable organization and thoughtful design of this complex multilateral undertaking."
She added that Russia views the upcoming APEC summit as an opportunity to lay out its comprehensive approaches to cooperation within the dynamic Asia-Pacific region and the contribution of its economy to the region's accelerated development.
Photo caption: Russian Foreign Ministry spokesperson Maria Zakharova attends a weekly briefing on March 23, 2023. (Russian Foreign Ministry photo)