
တီဟီရန်၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)
အီရန် နိုင်ငံခြားရေးဝန်ကြီး အာရက်ဂ်ချီက နိုဝင်ဘာ ၁၀ ရက်တွင် ကုလသမဂ္ဂ စသည့် အဖွဲ့အစည်းများ၏ ခေါင်းဆောင်များထံ စာပေးပို့ပြီး အီရန် “နျူကလီးယားဆိုင်ရာ ထောက်လှမ်းရေးအချက်အလက်” အတွက် အမေရိကန်က ဆုကြေးငွေ ပေးအပ်မည်ဟု ကမ်းလှမ်းချက်အပေါ် ရှုတ်ချရန် တောင်းဆိုခဲ့သည်။
အီရန် နိုင်ငံခြားရေးဝန်ကြီး အာရက်ဂ်ချီက ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဥက္ကဋ္ဌနှင့် နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) အထွေထွေညွှန်ကြားရေးမှူးချုပ်တို့ထံ ပေးပို့သော စာစောင်တွင် အမေရိကန်အစိုးရ၏ မကြာသေးမီးက အီရန် “နျူကလီးယား အစီအစဉ်နှင့် ပတ်သက်သော အချက်အလက်များစုဆောင်းရန်” အတွက် “အမြင့်ဆုံး ဒေါ်လာ သန်း ၂၀ အထိ ဆုငွေ ချီးမြှင့်မည်” ဟူ၍ ကမ်းလှမ်းခဲ့ကြောင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် ယင်းနှင့်စပ်လျဉ်း၍ ပြတ်ပြတ်သားသား ရှုတ်ချရန် တောင်းဆိုကြောင်း ရေးသားဖော်ပြခဲ့သည်။
အာရက်ဂ်ချီ က “အမေရိကန်ဘက် ကမ်းလှမ်းသော ဆုငွေ” သည် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ကာကွယ်ထိန်းသိမ်းမှုအပေါ် ပြင်းထန်သော သက်ရောက်မှု ဖြစ်ပေါ်စေသည်ဟု အလေးအနက် ပြောကြားသည်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်နှင့် လုံခြုံရေးကောင်စီအနေဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ အာရုံစိုက်မှုကို ချက်ချင်း ရယူပေးရန်နှင့် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းအရ အမေရိကန်ဘက်၏ ဆက်လက် ကျူးလွန်နေသော ဥပဒေချိုးဖောက်မှုများအတွက် အရေးယူရန် ၎င်းက တောင်းဆိုခဲ့သည်။
အမေရိကန်ဘက်သည် အီရန်၏ နျူကလီးယား အဆောက်အအုံများ၊ နျူကလီးယား ပစ္စည်းများ၊ နည်းပညာစက်ကိရိယာများနှင့် နျူကလီးယား နယ်ပယ်မှ သိပ္ပံပညာရှင်များ၊ ကျွမ်းကျင်ပညာရှင်များနှင့် ပတ်သက်သော အချက်အလက်များ စုဆောင်းရန် လူသိရှင်ကြား အားပေးအားမြှောက်ပြုခြင်းသည် သူလျှိုလုပ်ငန်းများကို အားပေးအားမြှောက်ဖြစ်စေပြီး နျူကလီးယား သိပ္ပံပညာရှင်များနှင့် နည်းပညာရှင်များကို တိုက်ခိုက်မှု ပစ်မှတ်များ ဖြစ်လာစေမည်ဖြစ်ကာ နျူကလီးယားလက်နက် မပြန့်ပွားရေး သဘောတူစာချုပ် (NPT) ၏ သက်ဆိုင်ရာ ပြဋ္ဌာန်းချက်များကို ချိုးဖောက်ရာရောက်သည်ဟု အာရက်ဂ်ချီက ပြောကြားခဲ့သည်။
ထို့အပြင် အီရန်နိုင်ငံ၏ သက်ဆိုင်ရာ နျူကလီးယား အဆောက်အအုံများသည် IAEA ၏ အာမခံချက် ကြီးကြပ်စစ်ဆေးမှုအောက်တွင် ရှိသည့်အခြေအနေ၌ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံ၏ နျူကလီးယား အဆောက်အအုံများ၊ စက်ကိရိယာများနှင့် သက်ဆိုင်ရာ ပုဂ္ဂိုလ်များနှင့် ပတ်သက်သော အချက်အလက်များကို လူသိရှင်ကြား ဆုငွေချီးမြှင့်၍ စုဆောင်းခြင်းသည် “အဆိုပါအာမခံချက် ကြီးကြပ်စစ်ဆေးရေး စနစ်၏ ယုံကြည်စိတ်ချရမှု၊ ပြီးပြည့်စုံမှုနှင့် စိတ်ချယုံကြည်နိုင်မှုအပေါ် သံသယ ဖြစ်ပေါ်စေ” သည်ဟု အာရက်ဂ်ချီက ပြောကြားခဲ့သည်။ IAEA အထွေထွေညွှန်ကြားရေးမှူးချုပ်အနေဖြင့် ထို အာမခံချက် ကြီးကြပ်စစ်ဆေးရေး ယန္တရား၏ လျှို့ဝှက်မှု၊ တရားမျှတမှုနှင့် အဖွဲ့အစည်းဆိုင်ရာ သီးခြားလွတ်လပ်မှုကို ထိန်းသိမ်းရန်နှင့် သက်ဆိုင်ရာ အချက်အလက်များ ပေါက်ကြားခြင်း သို့မဟုတ် အလွဲသုံးစားပြုခြင်းကို တားဆီးရန် လိုအပ်သော အစီအမံများ ပြုလုပ်ရန် ၎င်းက တိုက်တွန်းတောင်းဆိုခဲ့သည်။ (Xinhua)
..........................
(Chinese Version)
伊朗外长致信联合国要求谴责美国悬赏征集伊核情报
新华社德黑兰11月11日电(记者刁慧琳 沙达提)伊朗外交部长阿拉格齐10日致信联合国等机构负责人,要求谴责美国悬赏征集伊朗“核情报”。
阿拉格齐在致联合国秘书长、联合国安理会主席以及国际原子能机构总干事的信中说,美国政府近日“悬赏最高2000万美元征集有关伊朗核计划的信息”。伊朗要求相关方面对此明确表示谴责。
阿拉格齐强调,“美方悬赏”对维护国际和平与安全造成严重影响。他请求联合国秘书长和安理会立即提请国际社会关注,并根据《联合国宪章》追究美方持续实施违法行为的责任。
阿拉格齐说,美方公然鼓励收集有关伊朗核设施、核材料、技术设备及核领域科学家和专家的信息,将助长间谍活动,使核科学家和技术人员成为攻击目标,违反《不扩散核武器条约》相关条款。
阿拉格齐还表示,在伊朗相关核设施受到国际原子能机构保障监督的情况下,公开悬赏征集一个主权国家核设施、设备及相关人员的情报,“令人对该保障监督体系的可信度、完整性和可靠性产生怀疑”。他呼吁国际原子能机构总干事维护该保障监督机制的保密性、公正性和制度独立性,采取必要措施防止相关信息遭泄露或滥用。(完)
图说:9月25日,伊朗外长阿拉格齐在纽约联合国总部举行的记者会上讲话。新华社记者 吴晓凌 摄