Xinhua Myanmar

အီတလီရှိ အစိုးရကျောင်းပေါင်း ၆,၃၀၀ ခန့်ကို ဗုံးခွဲမည်ဟု ခြိမ်းခြောက်သည့် အီးမေးလ်များ လက်ခံရရှိ

အီတလီနိုင်ငံ ရောမမြို့ရှိ ကျောင်းတစ်ကျောင်းတွင် ဗုံးခွဲခြိမ်းခြောက်မှုကြောင့် မိဘများအနေဖြင့် မိမိတို့၏ကလေးများအား ပုံမှန်ထက်စော၍ လာကြိုနေသည်ကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရောမ၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)

ယခုအချိန်အထိ အီတလီနိုင်ငံတစ်ဝန်းရှိ အစိုးရကျောင်းပေါင်း ၇,၄၇၆ ကျောင်းအနက် ၆,၃၀၀ ခန့်သည် ဗုံးခွဲမည်ဟု ခြိမ်းခြောက်သည့် အီးမေးလ်များကို လက်ခံရရှိခဲ့ကြောင်း အီတလီနိုင်ငံ ပညာရေးဝန်ကြီး Giuseppe Valditara က နိုဝင်ဘာ ၁၁ ရက်တွင် ပြောကြားခဲ့သည်။

ပုဂ္ဂလိက ကျောင်းများနှင့် အရွယ်ရောက်ပြီးကျောင်းသားများ ပညာရေးစင်တာများတွင်မူ အဆိုပါအီးမေးလ်များ လက်ခံရရှိခြင်း မရှိကြောင်း Valditara က ပြောကြားခဲ့သည်။

အီတလီ မီဒီယာများ၏ သတင်းဖော်ပြချက်များအရ အီတလီနိုင်ငံတစ်ဝန်း နေရာအများအပြားရှိ ကျောင်းများသည် နိုဝင်ဘာ ၁၁ ရက်တွင် ဗုံးခွဲခံရမည်ဟုခြိမ်းခြောက်ထားသည့် တူညီသောအီးမေးလ်တစ်စောင်ကို လက်ခံရရှိခဲ့ကြသည်။ အီးမေးလ်တွင် ကျောင်း အဆောက်အအုံများအတွင်း “အားပြင်းသော ဖောက်ခွဲပစ္စည်းများ” ထောင်ထားပြီး ဖြစ်ကြောင်း၊ ထို့အပြင် အီတလီ ဝန်ကြီးချုပ် မယ်လိုနီ၏ မော်တော်ယာဉ်အင်ဂျင်အတွင်း၌လည်း ဗုံးတစ်လုံး ထည့်ထားကြောင်း ဖော်ပြထားသည်။ (Xinhua)

အီတလီနိုင်ငံ ရောမမြို့ရှိ ကျောင်းတစ်ကျောင်းတွင် ဗုံးခွဲခြိမ်းခြောက်မှုကြောင့် မိဘများအနေဖြင့် မိမိတို့၏ကလေးများအား ပုံမှန်ထက်စော၍ လာကြိုနေသည်ကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

......................

(Chinese Version)

意大利约6300所公立学校收到炸弹威胁邮件

新华社罗马11月11日电(记者任耀庭)意大利教育部长朱塞佩·瓦尔迪塔拉11日表示,截至目前,意大利全国7476所公立学校中,约有6300所收到炸弹威胁邮件。  

瓦尔迪塔拉说,私立学校及成人教育中心未收到相关邮件。  

据多家意大利媒体报道,意大利全国多地学校11日收到同一封炸弹威胁邮件。邮件称已在学校建筑内放置了“强力爆炸物”,还称在意大利总理梅洛尼座驾发动机内安放了炸弹。(完)

图说:11月11日,因受到炸弹威胁,意大利罗马一所学校组织家长提前将学生接走。新华社记者 王楷焱 摄

မူရင်းသတင်း — Xinhua Myanmar