Xinhua Myanmar

တည်ငြိမ်၍ ကောင်းမွန်သော အမေရိကန်-တရုတ် ဆက်ဆံရေးကို အတူတကွ တွန်းအားပေး ဖော်ဆောင်ရန် အမေရိကန် နိုင်ငံရေးနှင့် စီးပွားရေး နယ်ပယ်မှ ပုဂ္ဂိုလ်များ တိုက်တွန်း

-

အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၀ ရက်က ကျင်းပသော အမေရိကန်-တရုတ် ဆက်ဆံရေး အမျိုးသားကော်မတီ (NCUSCR) တည်ထောင်ခြင်း နှစ် ၆၀ ပြည့် အထိမ်းအမှတ်နှင့် ၂၀၂၆ ခုနှစ် နှစ်ပတ်လည် ဆုချီးမြှင့်ပွဲ ညစာစားပွဲ အခမ်းအနားတွင် အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Scott Bessent အမှာစကားပြောကြားနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)

အမေရိကန်-တရုတ် ဆက်ဆံရေး အမျိုးသားကော်မတီ (NCUSCR) တည်ထောင်ခြင်း နှစ် ၆၀ ပြည့် အထိမ်းအမှတ်နှင့် ၂၀၂၆ ခုနှစ် နှစ်ပတ်လည် ဆုချီးမြှင့်ပွဲ ညစာစားပွဲ အခမ်းအနားကို နိုဝင်ဘာ ၁၀ ရက် ညပိုင်းက အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကျင်းပခဲ့ရာ အမေရိကန်-တရုတ် နိုင်ငံရေး၊ စီးပွားရေး နယ်ပယ်မှ လူပုဂ္ဂိုလ် ၄၀၀ နီးပါး တက်ရောက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များက အဆင့်သစ်တစ်ရပ်သို့ ရောက်ရှိနေသည့် နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအပေါ် နှစ်နိုင်ငံ အကြီးအကဲများ၏ မဟာဗျူဟာမြောက် လမ်းညွှန်မှုမှာ အလွန်အရေးကြီးကြောင်း ပြောကြားခဲ့ကြပြီး သဘောတူညီမှုများကို တိုးချဲ့ရန်၊ သဘောထားကွဲလွဲမှုများကို စီမံထိန်းချုပ်ရန်နှင့် တည်ငြိမ်၍ ကောင်းမွန်သော အမေရိကန်-တရုတ် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အတူတကွ တွန်းအားပေး ဆောင်ရွက်သွားရန် တိုက်တွန်းခဲ့ကြသည်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Scott Bessent က အမှာစကားပြောကြားရာတွင် အမေရိကန်-တရုတ် နှစ်နိုင်ငံ အကြီးအကဲများ တစ်နှစ်အတွင်း အပြန်အလှန် ခရီးစဉ်များ ခပ်စိပ်စိပ်သွားရောက်ခဲ့ခြင်းမှာ ယခင်က မကြုံဖူးသည့် ဖြစ်စဉ်ဖြစ်ပြီး “အပြန်အလှန် လေးစားမှုနှင့် နှစ်နိုင်ငံ ပြည်သူများ၏ အခြေခံ အကျိုးစီးပွားအပေါ် အခြေခံသည့် ချစ်ကြည်ရင်းနှီးမှု” တစ်ရပ်ကို တည်ဆောက်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ လက်ရှိတွင် နှစ်နိုင်ငံအနေဖြင့် ဘေးအန္တရာယ်များကို ကာကွယ်တားဆီးရန်နှင့် နားလည်မှု လွဲမှားခြင်းများကို ရှောင်ရှားရန် ရည်ရွယ်၍ ဉာဏ်ရည်တု (AI) ဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် ဆွေးနွေးမှု ယန္တရားသစ်တစ်ရပ်ကို ထူထောင်လျက်ရှိကြောင်း ၎င်းက ဆိုသည်။ 

အတူတကွ ကြိုးပမ်းအားထုတ်မှုများမှတစ်ဆင့် အမေရိကန်-တရုတ် နှစ်နိုင်ငံ စီးပွားရေးကို ပိုမို အားကောင်းလာစေနိုင်ကြောင်း၊ အမေရိကန်အနေဖြင့် နှစ်နိုင်ငံ ပြည်သူများ ပိုမိုနီးကပ်စွာ ကူးလူးဆက်ဆံနိုင်ရေးနှင့် ဘုံသာယာဝပြောရေးကို မြှင့်တင်သွားမည်ဖြစ်ကြောင်း Bessent က ပြောကြားခဲ့သည်။

အမေရိကန်-တရုတ် ဆက်ဆံရေး အမျိုးသားကော်မတီ  ဒါရိုက်တာဘုတ်အဖွဲ့ အမှုဆောင် ဒုတိယဥက္ကဋ္ဌ Evan Greenberg က အမှာစကား ပြောကြားရာတွင် ပြိုင်ဆိုင်မှုနှင့် အားပြိုင်မှုတို့သည် အမေရိကန်-တရုတ် ဆက်ဆံရေးကို အဓိပ္ပာယ်ဖွင့်ဆိုသည့် တစ်ခုတည်းသော အကြောင်းရင်းမဖြစ်သင့်ကြောင်း၊ အထူးသဖြင့် နည်းပညာ တော်လှန်ရေးနှင့် ကမ္ဘာလုံးဆိုင်ရာ နက်ရှိုင်းစွာ အပြန်အလှန် မှီခိုနေရသည့် ခေတ်ကာလတွင် အင်အားကြီးနိုင်ငံ နှစ်နိုင်ငံ မည်သို့ အပြန်အလှန်ဆက်ဆံကြမည် ဟူသည့် အချက်အတွက် မျှော်မှန်းချက်သစ်ကို တည်ဆောက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

Stephen Orlins သည် ၂၀၀၅ ခုနှစ်မှစ၍ အမေရိကန်-တရုတ် ဆက်ဆံရေး အမျိုးသားကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ရာထူးမှ အနားယူတော့မည့် အချိန်အခါတွင် ၎င်းအနေဖြင့် အမေရိကန်-တရုတ် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန်နှင့် နှစ်နိုင်ငံ ပြည်သူများ၏ အကျိုးစီးပွားကို ဖော်ဆောင်ပေးရန်အတွက် မဆုတ်မနစ် ဆက်လက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်-တရုတ် ဆက်ဆံရေး အမျိုးသားကော်မတီ ဥက္ကဋ္ဌအဖြစ် မကြာမီ တာဝန်ထမ်းဆောင်တော့မည့် Sarah Beran က ၎င်းသည် အမေရိကန်-တရုတ် ဆက်ဆံရေး၏ အနိမ့်အမြင့် အတက်အကျများကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ရကြောင်း၊ နှစ်ဖက်စလုံးအနေဖြင့် သဘောထားကွဲလွဲမှုများကို စီမံထိန်းချုပ်ရာတွင် ချိတ်ဆက်ညှိနှိုင်းပြောဆိုခြင်းနှင့် ဘုံသဘောတူညီမှု ရှာဖွေခြင်းတို့မှာ အလွန်အရေးကြီးသည်ဟု အစဉ်အမြဲ ခိုင်မာစွာ ယုံကြည်ထားပြီး ယင်းမှာ အမေရိကန်-တရုတ် ဆက်ဆံရေး အမျိုးသားကော်မတီ၏ သမိုင်းတာဝန်လည်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ညစာစားပွဲ အခမ်းအနားတွင် ဂုဏ်ပြုဆု ချီးမြှင့်ခံခဲ့ရသည့် အမေရိကန် Blackstone Group ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် Stephen Schwarzman က ဗီဒီယိုမှတစ်ဆင့် အမှာစကားပြောကြားရာတွင် Blackstone Group ၏ လုပ်ငန်းဆောင်တာများမှတစ်ဆင့် အမေရိကန်-တရုတ် နှစ်နိုင်ငံအကြား ထိတွေ့ဆက်ဆံမှု၊ နားလည်မှုနှင့် ယုံကြည်မှုတို့၏ အရေးပါပုံကို သိရှိနားလည်ခဲ့ရပြီး အပြန်အလှန် နားလည်မှုအပေါ် အခြေခံ၍ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ရေရှည်ဆက်ဆံရေး တည်ဆောက်ခြင်းအပေါ် ထားရှိသည့် ၎င်း၏ ယုံကြည်ချက်ကို ပိုမိုခိုင်မာစေခဲ့ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

-----------------------------

(Chinese Version)

美政商界人士呼吁共同推动稳定健康的美中关系

新华社纽约11月10日电(记者施春 刘亚南)美中关系全国委员会成立60周年暨2026年度颁奖晚宴10日晚在纽约举办,中美政商界人士近400人出席。与会嘉宾表示,两国元首对新阶段两国关系发展的战略引领至关重要,呼吁扩大共识、管控分歧,共同推动发展稳定健康的美中关系。   

美国财政部长贝森特在致辞中表示,美中两国元首在一年内频繁互访前所未有,建立了一种“基于相互尊重和两国人民根本利益的友谊”。当前,两国正就人工智能相关议题建立新的对话机制,旨在防范风险、避免误解。   

贝森特说,通过共同努力,可以让美中两国经济变得更强大。美国将推动两国人民走得更近,促进共同繁荣。   

美中关系全国委员会董事会执行副主席格林伯格在发言中说,竞争与博弈不应成为定义美中关系的唯一要素,特别是身处技术革命与全球深度相互依存的时代,需要为两个大国如何相处构建全新愿景。   

斯蒂芬·欧伦斯自2005年起出任美中关系全国委员会会长。在即将卸任之际,他表示,将继续为发展美中关系、造福两国人民不懈努力。   

即将担任美中关系全国委员会会长的贝莎兰表示,她见证过美中关系的起伏,始终坚信沟通与寻求共识对于双方管控分歧至关重要,这也是美中关系全国委员会的使命所在。   

在晚宴上受到嘉奖的美国黑石集团董事长兼首席执行官苏世民通过视频致辞说,黑石集团的工作让他体会到美中两国间接触、理解和信任的重要性,进一步坚定了他对基于相互理解开展合作、建立长期关系的信念。(完)

图说1:11月10日,在美国纽约,美国财政部长贝森特在晚宴上致辞。新华社记者 张凤国 摄

图说2:11月10日,在美国纽约,美中关系全国委员会董事会执行副主席格林伯格在晚宴上致辞。

图说3:11月10日,人们在美国纽约参加美中关系全国委员会成立60周年暨2026年度颁奖晚宴。

အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၀ ရက်က ကျင်းပသော အမေရိကန်-တရုတ် ဆက်ဆံရေး အမျိုးသားကော်မတီ (NCUSCR) တည်ထောင်ခြင်း နှစ် ၆၀ ပြည့် အထိမ်းအမှတ်နှင့် ၂၀၂၆ ခုနှစ် နှစ်ပတ်လည် ဆုချီးမြှင့်ပွဲ ညစာစားပွဲ အခမ်းအနားတွင် NCUSCR ဒါရိုက်တာဘုတ်အဖွဲ့ အမှုဆောင် ဒုတိယဥက္ကဋ္ဌ Evan Greenberg အမှာစကားပြောကြားနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၀ ရက်က ကျင်းပသော အမေရိကန်-တရုတ် ဆက်ဆံရေး အမျိုးသားကော်မတီ (NCUSCR) တည်ထောင်ခြင်း နှစ် ၆၀ ပြည့် အထိမ်းအမှတ်နှင့် ၂၀၂၆ ခုနှစ် နှစ်ပတ်လည် ဆုချီးမြှင့်ပွဲ ညစာစားပွဲ အခမ်းအနားသို့ တက်ရောက်ကြသူများကို တွေ့ရစဉ် (ဆင်ဟွာ)

မူရင်းသတင်း — Xinhua Myanmar