
Nvidia ကုမ္ပဏီတည်ထောင်သူ ဂျန်ဆန်ဝှမ်နှင့် ဇာတ်လမ်းဖြစ်ခဲ့ချိန်အတွင်း တရုတ်အတွက် စပိုင်လုပ်ပေး သည်ဟု စွပ်စွဲခံရသော အမျိုးသမီးသည် ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်တို့တွင် တရုတ်(တိုင်ပေ)ကို ရှစ် ကြိမ်လာခဲ့သည်ဟု တရုတ်(တိုင်ပေ)အစိုးရဝန်ကြီးက နိုဝင်ဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။
ကမ္ဘာ့ဆီမီးကွန်ဒတ်တာလုပ်ငန်းနယ်ပယ်တွင် အဓိကကျနေသော တရုတ်(တိုင်ပေ)ခေါ် ထိုင်ဝမ်သည် အမေရိကန်ပြည်ထောင်စုနှင့် တရုတ်တို့၏မဟာဗျူဟာမြောက် ပြိုင်ဆိုင်မှု၏အလယ်ကို ရောက်နေသည်။
အမေရိကန်အခြေစိုက် Nvidia ချစ်ပ်ကုမ္ပဏီ၏ အမှုဆောင်ချုပ် ဂျန်ဆန်ဟွမ်က အဲလစ်ဝှမ်နှင့် ဖောက်ပြန်ခဲ့ သည်ဟုု ဝန်ခံခဲ့သည်။ အဲလစ်ဝှမ်သည် စင်ကာပူအခြေစိုက် Megaspeed ကုမ္ပဏီ၏အမှုဆောင်ဟောင်း ဖြစ်သည်။ အဲလစ်ဝှမ်သည် တရုတ်ထောက်လှမ်းရေးအတွက် အလုပ်လုပ်ခဲ့သူဖြစ်ကြောင်း အမေရိကန်တာဝန်ရှိ သူများက ယုံကြည်ထားသည်။
တရုတ်က ထိုစွပ်စွဲချက်များကို ပယ်ချခဲ့သည်။
ဟွမ်လီဟုလည်းခေါ်သည့် အဲလစ်ဝှမ်သည် တရုတ်(တိုင်ပေ)သို့ဝင်ရန် လုပ်ငန်းဧည့်သည် အဆင့်ရှိသော ရိုးရိုးဗီဇာဖြင့် ဟောင်ကောင်နိုင်ငံကူးလက်မှတ်ကို အသုံးပြုခဲ့သည်ဟု ပြည်ပကြီးရေးရာကောင်စီ (MAC) ဝန်ကြီး ချူချူချန်က အမတ်များကို ပြောကြားခဲ့သည်။
သူ၏သွားလာလှုပ်ရှားမှုများကို စောင့်ကြည့်ရန် အစောဆုံးအနေဖြင့် ၂၀၂၄ ခုနှစ် လောက်ကတည်းက အမေရိကန်က တရုတ်(တိုင်ပေ)ကို အကြံပေးခဲ့သည်ဟု နယူးယောက်တိုင်း(မ်)သတင်းစာက ဖော်ပြခဲ့သည်။
အဲလစ်ဝှမ်သည် တရုတ်(တိုင်ပေ)သို့ ၂၀၂၄ ခုနှစ်တွင် သုံးကြိမ်၊ ၂၀၂၅ ခုနှစ်တွင် ငါးကြိမ်လာခဲ့သည် ဆိုသော်လည်း ၂၀၂၆ ခုနှစ်တွင် တရုတ်(တိုင်ပေ)သို့ ဝင်လာခြင်းမရှိဟု ဆိုသည်။
Ref:AFP