
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်
ရှမ်းတောင်ဒေသအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ယနေ့ နိုဝင်ဘာလ ၁၁ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့၊ ကက္ကူကျေးရွာရှိ သမိုင်းဝင် မွေတော်ကက္ကူစေတီတော် ရင်ပြင်အနီးရှိ သက်တမ်းရင့် ညောင်ပင် လဲကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
လုံးပတ် ၂၅ ပေ၊ အမြင့် ပေ ၁၀၀ ခန့်ရှိ နှစ်ပေါင်း ၁၀၀ ခန့် သက်တမ်းရှိ အဆိုပါ ညောင်ပင်ကြီးမှာ အမြစ်မှလန်ကာ လဲကျခဲ့ခြင်းဖြစ်ပြီး လူနှင့် တိရစ္ဆာန် ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ကြောင်း သိရသည်။
ညောင်ပင်လဲကျရာနေရာ၌ ကျောက်တလုံးကြီးနယ်မြေရဲစခန်း တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့နှင့် ဒေသခံများ စုပေါင်း၍ ရှင်းလင်းရေး ဆောင်ရွက်ခဲ့ရာ နေ့လယ် ၁၂ နာရီခွဲခန့်တွင် ရှင်းလင်းပြီးစီးခဲ့ပြီး ယာဉ်ကြော ပိတ်ဆို့မှု မရှိခဲ့ကြောင်း သိရသည်။