NP News

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီဖွဲ့စည်းရန်ပြည်ထောင်စုလွှတ်တော်သဘောတူ

ကိုဖြိုး (NP News)-နိုဝင်ဘာ ၁၂
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းရန် ပြည်ထောင်စုလွှတ်တော်သဘောတူညီကြောင်း နိုဝင်ဘာ(၁၂)ရက်နေ့ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှသိရသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)မှ ပြင်ဆင်/ ဖြည့်စွက်သင့်သည့် အချက် (၄၃) ချက်နှင့် ပြည်ထောင်စုသဘောတူစာချုပ် (Union Accord) အစိတ် အပိုင်း (၁) (၂) (၃) ပါ အချက်များနှင့် စပ်လျဉ်း၍ လေ့လာသုံးသပ်ရေးနှင့် ဥပဒေမူကြမ်းပြုစုရေး ပူးပေါင်းကော်မတီဖွဲ့စည်းခြင်းအား ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးဂျဲန်ဖန်နော်တောင် ရှင်းလင်းတင်ပြခဲ့သည်။
“ဥပဒေမူကြမ်းပြုစုရေး ပူးပေါင်းကော်မတီသည် လုပ်ပိုင်ခွင့်(၆)ရပ်၊လုပ်ထုံးလုပ်နည်း(၃)ရပ်နဲ့ရပိုင်ခွင့်(၃)ရပ်တို့ကို ကိုယ်စားလှယ်ကြီးများထံအသေးစိတ် ဖြန့်ဝေထားပြီးဖြစ်ပါတယ်”ဟု ဦးဂျဲန်ဖန်နော်တောင်က ဆိုသည်။
ထို့နောက်ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ်ခံယူရာတွင် ကန့်ကွက်သူမရှိသဖြင့် လေ့လာသုံးသပ်ရေးနှင့် ဥပဒေမူကြမ်းပြုစုရေး ပူးပေါင်းကော်မတီဖွဲ့စည်းခြင်းအား ဖွဲ့စည်းရန်အတည်ပြုနိုင်ခဲ့သည်။
ယနေ့အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီ၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးဂျဲန်ဖန်နော်တောင်၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းတို့ အပါအဝင် လွှတ်တော်ကိုယ်စားလှယ်(၅၄၅) ဦးတက်ရောက်သည်။

Zawgyi Versiion;
ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေရးပူးေပါင္းေကာ္မတီဖြဲ႕စည္းရန္ျပည္ေထာင္စုလႊတ္ေတာ္သေဘာတူ
ကိုၿဖိဳး (NP News)-ႏိုဝင္ဘာ ၁၂
ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေရး ပူးေပါင္းေကာ္မတီဖြဲ႕စည္းရန္ ျပည္ေထာင္စုလႊတ္ေတာ္သေဘာတူညီေၾကာင္း ႏိုဝင္ဘာ(၁၂)ရက္ေန႔ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေဝးမွသိရသည္။
ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ ဖြဲ႕စည္းပုံအေျခခံဥပေဒ (၂၀၀၈ ခုႏွစ္)မွ ျပင္ဆင္/ ျဖည့္စြက္သင့္သည့္ အခ်က္ (၄၃) ခ်က္ႏွင့္ ျပည္ေထာင္စုသေဘာတူစာခ်ဳပ္ (Union Accord) အစိတ္ အပိုင္း (၁) (၂) (၃) ပါ အခ်က္မ်ားႏွင့္ စပ္လ်ဥ္း၍ ေလ့လာသုံးသပ္ေရးႏွင့္ ဥပေဒမူၾကမ္းျပဳစုေရး ပူးေပါင္းေကာ္မတီဖြဲ႕စည္းျခင္းအား ျပည္ေထာင္စုလႊတ္ေတာ္ ဒုတိယနာယက ဦးဂ်ဲန္ဖန္ေနာ္ေတာင္ ရွင္းလင္းတင္ျပခဲ့သည္။
“ဥပေဒမူၾကမ္းျပဳစုေရး ပူးေပါင္းေကာ္မတီသည္ လုပ္ပိုင္ခြင့္(၆)ရပ္၊လုပ္ထုံးလုပ္နည္း(၃)ရပ္နဲ႔ရပိုင္ခြင့္(၃)ရပ္တို႔ကို ကိုယ္စားလွယ္ႀကီးမ်ားထံအေသးစိတ္ ျဖန႔္ေဝထားၿပီးျဖစ္ပါတယ္”ဟု ဦးဂ်ဲန္ဖန္ေနာ္ေတာင္က ဆိုသည္။
ထို႔ေနာက္ျပည္ေထာင္စုလႊတ္ေတာ္၏ အဆုံးအျဖတ္ခံယူရာတြင္ ကန႔္ကြက္သူမရွိသျဖင့္ ေလ့လာသုံးသပ္ေရးႏွင့္ ဥပေဒမူၾကမ္းျပဳစုေရး ပူးေပါင္းေကာ္မတီဖြဲ႕စည္းျခင္းအား ဖြဲ႕စည္းရန္အတည္ျပဳႏိုင္ခဲ့သည္။
ယေန႔အစည္းအေဝးသို႔ ျပည္ေထာင္စုလႊတ္ေတာ္နာယက ဦးေအာင္လင္းေဒြး၊ ျပည္သူ႔လႊတ္ေတာ္ ဥကၠ႒ ဦးခင္ရီ၊ ျပည္ေထာင္စုလႊတ္ေတာ္ ဒုတိယနာယက ဦးဂ်ဲန္ဖန္ေနာ္ေတာင္၊ ျပည္သူ႔လႊတ္ေတာ္ ဒုတိယဥကၠ႒ ဦးေမာင္ေမာင္အုန္းတို႔ အပါအဝင္ လႊတ္ေတာ္ကိုယ္စားလွယ္(၅၄၅) ဦးတက္ေရာက္သည္။

မူရင်းသတင်း — NP News