Myanmar Digital News

နီပေါနိုင်ငံက COP31 ညီလာခံတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်ရေး တောင်းဆို

ခတ္တမန္ဒူ   နိုဝင်ဘာ   ၁၂

နီပေါနိုင်ငံမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တစ်ဖွဲ့သည် တူကီယဲနိုင်ငံ၌ ကျင်းပလျက်ရှိသည့် ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာ COP31 ညီလာခံ၌ သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် နိုင်ငံအချင်းချင်း   နယ်စပ်ဖြတ်ကျော်  ပူးပေါင်းဆောင်ရွက်ကြရန် တောင်းဆိုခဲ့သည်။  ပြီးခဲ့သည့် ဩဂုတ်လက  နီပေါ-တရုတ်  နယ်စပ်တစ်လျှောက်တွင် မြေပြိုမှုများဖြစ်ပွားခဲ့ပြီး ဒေသအများအပြား ပျက်စီးဆုံးရှုံးခဲ့သည်။

ရာသီဥတုပြောင်းလဲမှုဖြစ်စေသည့် ဓာတ်ငွေ့ထုတ်လွှတ်မှုတွင် ပါဝင်မှုအနည်းဆုံးဖြစ်သည့် နိုင်ငံများနှင့် လူမှုအသိုက်အဝန်းများသည် နှစ်စဉ် အလားတူသဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်နေရခြင်းမှာ ရာသီဥတုဆိုင်ရာ တရားမျှတမှုမရှိခြင်းကို ထင်ဟပ်စေကြောင်း လူငယ်ရာသီဥတုလှုပ်ရှားသူများဖြင့်  ဖွဲ့စည်းထားသည့်  နီပေါနိုင်ငံမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ခေါင်းဆောင် ဒစ်ရှာ ဆူဘီဒီက ပြောကြားခဲ့သည်။        

အင်န်အိတ်ချ်ကေ

မူရင်းသတင်း — Myanmar Digital News