Myanmar Digital News

တနင်္သာရီမြစ်အတွင်း လှေတစ်စင်းမီးလောင်မှုဖြစ်ပွား

 

မြိတ် နိုဝင်ဘာ ၁၃

 

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ် ကဏန်းကျွန်းအနီး တနင်္သာရီမြစ်အတွင်း၌ ယနေ့နံနက် ၈ နာရီခွဲက လှေတစ်စင်း မီးလောင်မှုဖြစ်ပွား၍ တစ်ဦးဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။

 

မီးလောင်မှုဖြစ်ပွားနေကြောင်း သတင်းရရှိသဖြင့် မြိတ်ခရိုင် မီးသတ်ဦးစီးမှူး ဦးဇော်ဝင်း၊ ဦးဆောင်၍ မီးငြှိမ်းသတ်ယာဉ် (၆)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၂၀)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၅) ဦး၊  စက်လှေ (၃)စီး၊ အပေါ့စားစက် (၃)လုံးတင်လျက် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီ ၇ မိနစ်ခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၉ နာရီ ၂၀ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

 

အဆိုပါလှေမီးလောင်မှုကြောင့် ကိုဖြိုးမင်းဝေ (၃၀)နှစ် ကျွန်းစုမြို့နယ်နေသူတွင် နောက်ကျော၊ မျက်နှာ၊ ရင်ဘတ်၊ ၀ဲယာခြေထောက်တို့တွင် မီးလောင်၍အရေပြားလန်(မစိုးရိမ်ရ) ဒဏ်ရာများရရှိသဖြင့် မြိတ်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသမှု ခံယူလျက်ရှိသည်။

 

​မီးလောင်မှုဖြစ်စဥ်မှာ ဘက်ထရီရှော့ရိုက်၍ လှေစက်နှိုးရာ မီးပွားထွက်ပြီး လှေပေါ်တွင်ရှိနေသော ဆီငွေ့နှင့် ထိတွေ့ရာမှ မီးစတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း၊ လှေမောင်းခန်းမှတစ်ဆင့် စက်ခန်းသို့ ကူးစက်ရာမှ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

မြင့်ဉီး(မြိတ်)

မူရင်းသတင်း — Myanmar Digital News