Myanmar Digital News

အီတလီနိုင်ငံ၌ ကျောင်း ၁၈၀၃ ကျောင်းတွင် ဗုံးခြိမ်းခြောက်သည့်အီးမေးလ်များ ထပ်မံရရှိ

ရောမ    နိုဝင်ဘာ   ၁၂

အီတလီနိုင်ငံ စစ္စလီ၊ ဗီနီတို၊ လီဂူရီးယား၊ အမ်ဘရီယာနှင့် လာဇီယို ဒေသများအပါအဝင် နေရာအများအပြားရှိ   စာသင်ကျောင်းများထံ ဗုံးခွဲမည်ဟု ခြိမ်းခြောက်ထားသည့် မေးလ်အသစ်များ နိုဝင်ဘာ ၁၂ ရက်တွင် ထပ်မံပို့ဆောင်ခဲ့ ကြောင်း ပြည်တွင်းမီဒီယာများက ဖော်ပြထားသည်။ စာသင်ကျောင်းအချို့ရှိ ကျောင်းသား ကျောင်းသူများကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ရပြီး အခြားကျောင်းများတွင်လည်း စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း ANSA သတင်းအေဂျင်စီက ထုတ်ပြန်ထားသည်။

ကနဦးအချက်အလက်များအရ ဗုံးခြိမ်းခြောက်ခံရသည့် အီးမေးလ်များ လက်ခံရရှိသည့်စာသင်ကျောင်း ၁၈၀၃ ကျောင်း ရှိလာကြောင်း အီတလီသတင်းစာ Corriere della Sera က ဖော်ပြထားသည်။ အဆိုပါ ထပ်မံခြိမ်းခြောက်သည့် အီးမေးလ်များအားလုံးနှင့် နိုဝင်ဘာ ၁၁ ရက်က ပေးပို့သည့် အီးမေးလ်များတွင် Mikhail Andropov  အမည်အသုံးပြု၍ လက်မှတ်ရေးထိုးထားကြောင်း မီဒီယာများက ဖော်ပြထားသည်။                                         

ဆင်ဟွာ

မူရင်းသတင်း — Myanmar Digital News