Myanmar Digital News

လာအိုနှင့် ကမ္ဘောဒီးယားနယ်စပ်လုံခြုံရေးနှင့် လူဝင်မှုကြီးကြပ်ရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် လက်မှတ်ရေးထိုး

ဗီယင်ကျန်း    နိုဝင်ဘာ   ၁၂

လာအိုနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ တာဝန်ရှိသူများသည် နှစ်နိုင်ငံအကြား နယ်စပ်ရေးရာ စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များကို ပြန်လည်သုံးသပ်ရန်၊ လူဝင်မှုကြီးကြပ်ရေး ပူးပေါင်းဆောင်ရွက်မှုနှင့် နယ်စပ်လုံခြုံရေးတို့ကို ပိုမိုအားကောင်းလာစေရန် ရည်ရွယ်သည့် နားလည်မှုစာချွန်လွှာတစ်ရပ်ကို လက်မှတ်ရေးထိုးရန် ယမန်နေ့က လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးအတွင်း တာဝန်ရှိသူများသည် လွန်ခဲ့သည့် နှစ်နှစ်တာကာလအတွင်း နှစ်နိုင်ငံနယ်စပ်စီမံခန့်ခွဲမှုဆိုင်ရာ  လုပ်ငန်းများ၏ တိုးတက်မှုအခြေအနေကို ပြန်လည်သုံးသပ်ခဲ့ကြသည်။ ထို့ပြင် နှစ်နိုင်ငံအကြား ချုပ်ဆိုထားသည့် သဘောတူညီချက်များကို အကောင်အထည်ဖော်ဆောင်ရွက်မှုအပေါ် အဓိကထား ဆွေးနွေးခဲ့ကြသည်။       

ဆင်ဟွာ

မူရင်းသတင်း — Myanmar Digital News